ကော့သောင်းမြို့၌ လူကုန်ကူးမှုဥပဒေ၊ လူကုန်ကူးခံရသူ စိစစ်သတ်မှတ်ခြင်း၊ လွှဲပြောင်းညွှန်းပို့ခြင်းနှင့် အကူအညီပေးခြင်းဆိုင်ရာ သင်တန်းဖွင့်ပွဲ အခမ်းအနား ပြုလုပ်

ကော့သောင်း ဇူလိုင် ၂၂

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့၌ မြန်မာနိုင်ငံရဲတပ်ဖွဲ့ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ အမှတ်(၂) လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စိတ် (ကော့သောင်း)မှ ဖွင့်လှစ်သည့် လူကုန်ကူးမှုဥပဒေ၊ လူကုန်ကူးခံရသူ စိစစ်သတ်မှတ်ခြင်း၊ လွှဲပြောင်းညွှန်းပို့ခြင်းနှင့် အကူအညီပေးခြင်းဆိုင်ရာ သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် (၉:၃၀)အချိန်က‌ ကော့သောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဟံသာဝတီခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ ကော့သောင်းမြို့နယ်လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ချို၊ ဒုတိယဥက္ကဋ္ဌ ရဲမှူး ဝေလင်းကို၊ အတွင်းရေးမှူး ဒုတိယရဲမှူး သန်းနိုင်ဦးနှင့် အဖွဲ့ဝင် (၁၂)ဦးတို့ တက်ရောက်ခဲ့ပြီး ရှေ့ဦးစွာ ကော့သောင်းမြို့နယ် လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ချိုက သင်တန်းဖွင့်အမှာစကား ပြောကြားခဲ့ပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ကော့သောင်းမြို့နယ် အတွင်းရှိ‌ရပ်ကွက်နှင့် ကျေးရွာများမှ အုပ်ချုပ်ရေးမှူးများ၊ ရပ်/ကျေး စာရေးဝန်ထမ်းများ၊ ရပ်/ကျေးမိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များအား လူကုန်ကူးမှုဆိုင်ရာ အသိပညာများ ရရှိစေရန်၊ လူကုန်ကူးခံရသူ ဖြစ်ကြောင်း ကနဦး စိစစ်သတ်မှတ်နိုင်ရန်၊ လူကုန်ကူးမှု စိစစ်ဖော်ထုတ်သည့် မှတ်တမ်းများကို စနစ်တကျ အသုံးပြုတတ်ကြစေရန်နှင့် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ဥပဒေသစ်ကို လေ့လာသိရှိစေရန် ရည်ရွယ်၍ ဖွင့်လှစ်သင်ကြားပို့ချခြင်းဖြစ်‌ကြောင်း သိရသည်။

အဆိုပါ သင်တန်းတွင် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ဥပဒေဆိုင်ရာများ၊ နိုင်ငံတကာနှင့် မြန်မာနိုင်ငံတွင်‌ ဖြစ်ပေါ်နေသည့် လူကုန်ကူးမှု အခြေအနေများ၊ အခြေခံကျသည့် ရပ်ရွာများတွင် လူကုန်ကူးမှု စိစစ်ဖော်ထုတ်သည့် မှတ်တမ်းပုံစံဖြည့်သွင်းမှု ဘာသာရပ်များကို အမှတ်(၂) လူကုန်(ကော့သောင်း)မှ သင်တန်းနည်းပြများနှင့် လွှဲပြောင်းညွှန်းပို့ခြင်းနှင့် အကူအညီပေးခြင်းဆိုင်ရာ ဘာသာရပ်အား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနမှ သင်တန်းနည်းပြများဖြင့် သင်တန်းဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)