မအူပင် ဇူလိုင် ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် တိုးမြစ်ရေဝင်ရောက်မှုကြောင့် ကျေးရွာအုပ်စု(၁၀)အုပ်စု၊ ကျေးရွာခွဲ(၁၈)ရွာမှ ကျောင်းပေါင်း(၂၂) ကျောင်း ယနေ့နံနက်ပိုင်းက ခေတ္တပိတ်ထားရသည်။
အဆိုပါတိုးမြစ်ရေဝင်ရောက်မှုကြောင့် ပေကုန်၊ အောက်ထုံး၊ ပန်းပင်စု၊ ကျွဲဒုံး၊ ကျုံနတ္တော်၊ ရွှေလှေသောင်၊ ရေလဲကြီး၊ ကဝက္ကင်း၊ ဝောာ်တလုပ်ကျေးရွာအုပ်စုများနှင့် လေးအိမ်စုကျေးရွာအုပ်စုများရှိ ကျေးရွာ(ခွဲ)(၁၈)ရွာမှ အထက်တန်းကျောင်း(၂)ကျောင်း၊ အလယ်တန်းကျောင်း (၁)ကျောင်းနှင့်မူလတန်းကျောင်း(၁၉) ကျောင်း၊ စုစုပေါင်း(၂၂)ကျောင်းပိတ်ထားရသည်။ ထို့နောက်ပိတ်ထားရသည့်ကျောင်းပိတ်ရက်များအား အပတ်စဉ်တနင်္ဂနွေနေ့များတွင် ပြန်လည်အစားထိုးသင်ကြားသွားမည်ဖြစ်ပြီး တိုးမြစ်ရေဝင်ရောက်မှုကြောင့် အဆောက်အဦများ ထိခိုက်ပျက်စီးမှုမရှိကြောင်း သိရသည်။
အောင်မြင့်မြတ်(ပြန်/ဆက်)