ပိုင်ကျုံမြို့ အမှတ်(၂) ရပ်ကွက်ရှိ လမ်းဘေးဝဲယာများအား ပလက်ဖောင်းရေမြောင်း တည်ဆောက်ခြင်းလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီး
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ စည်ပင်သာယာရေးအဖွဲ့မှ မြို့အင်္ဂါရပ်နှင့်အညီ ရေစီးရေလာ ကောင်းမွန်စေရေးအတွက် အမှတ်(၂) ရပ်ကွက်ရှိ လမ်းဘေးဝဲယာများ၌ ပလက်ဖောင်းရေမြောင်းများ တည်ဆောက်ပေးခဲ့ကြောင်း သိရသည်။