ကော့သောင်းမြို့တွင် ကော့သောင်းခရိုင်/ မြို့နယ်မီးသတ်ဦးစီးဌာနမှ စက်လှေကိုင်တွယ် မောင်းနှင်ထိန်းသိမ်းမှု (မွမ်းမံ)သင်တန်းဖွင့်ပွဲ ပြုလုပ်

ကော့သောင်း ဇူလိုင် ၂၂

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်တွင် ကော့သောင်းခရိုင် မြို့နယ်မီးသတ်ဦးစီးဌာနမှ စက်လှေကိုင်တွယ်မောင်းနှင်ထိန်းသိမ်းမှု (မွမ်းမံ)သင်တန်း အမှတ်စဉ် (၄/၂၀၂၄)အား ယနေ့နံနက်ပိုင်းက ခရိုင်မီးသတ်ဦးစီးမှူးရုံး၊ အစည်းဝေးခန်းမတွင် ပြုလုပ်ရာ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

အဆိုပါ အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးအောင်က စက်လှေကိုင်တွယ် မောင်းနှင်ထိန်းသိမ်းမှု (မွမ်းမံ)သင်တန်းများကို ပြုလုပ်ခြင်းသည်  ကူညီကယ်ဆယ်ရေးလုပ်ငန်းများတွင် များစွာအကျိုးရှိကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့သည်။

အဆိုပါ စက်လှေကိုင်တွယ်မောင်းနှင် ထိန်းသိမ်းမှု (မွမ်းမံ) သင်တန်းတွင်  လက်တွေ့ရေယာဉ် မောင်းနှင်ခြင်း၊  စက်လှေတစ်စီး၏ အခြေခံဖြစ်သော အလုပ်လုပ် ကိုင်ပုံ၊ အင်ဂျင်အမျိုးအစားနဲ့ အဓိကအစိတ်အပိုင်းများ၊ ဆီထောက်ပံ့မှု စနစ်များ၊ ပဲ့ထိန်းစနစ် အလုပ်လုပ်ပုံ၊ မီးငြှိမ်းသတ်ရေးအတွက် ရေစုပ်ရေပက်ခြင်း သင်ခန်းစာများ၊  စက်လှေနှင့် သက်ဆိုင်သော သင်ခန်းစာများ၊ ရှာဖွေကယ်ဆယ်ရေးနှင့် မီးငြှိမ်းသတ်ရေးလုပ်ငန်းများတွင် စက်လှေမောင်းများ အနေဖြင့် လုပ်ဆောင်ရမည့်လုပ်ငန်း အဆင့်ဆင့်များကို ပိုမိုကျွမ်းကျင်အောင် စာတွေ့လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်ပြီး ကော့သောင်းမြို့နယ်နှင့် ဘုတ်ပြင်းမြို့နယ်မီးသတ်တပ်ဖွဲ့မှ သင်တန်းသားစုစုပေါင်း(၁၀)ဦးအား ရက်သတ္တပတ် (၂)ပတ်ကြာ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)