ရေဖြူ၌ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အထိမ်းအမှတ်အကြို အခြေခံပညာကျောင်းပေါင်းစုံ အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကျင်းပ

ရေဖြူ ဇူလိုင်   ၂၂

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့၌ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၁၂ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အထိမ်းအမှတ် အခြေခံပညာအထက်တန်းအဆင့် ကျောင်းပေါင်းစုံ စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက် (၉)နာရီကအခြေခံပညာ အထက်တန်းကျောင်း၊ ရေဖြူ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ စာစီစာကုံးပြိုင်ပွဲ၌  "လူငယ်ကဏ္ဍမြှင့်တင်ဆောင်ရွက်လို့ ပိုမိုကောင်းမွန်တဲ့ လူ့အဖွဲ့အစည်းကို ဖန်တီးစို့"  ခေါင်းစဉ်ဖြင့် အခြေခံ ပညာအထက်တန်းကျောင်း(၃) ကျောင်းမှ အထက် တန်းအဆင့်ကျောင်းသား (၂) ဦး၊ကျောင်းသူ(၁၀) ဦး၊ စုစုပေါင်း ကျောင်းသားကျောင်းသူ (၁၂) ဦး ဖြေဆိုယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲဝင်ကျောင်းသားကျောင်းသူများကို မြို့နယ်အဆင့်စိစစ်ရွေးချယ်၍ ဆုရရှိသူများကို တိုင်းဒေသကြီးအဆင့်သို့ ပေးပို့ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်းရေဖြူမြို့နယ် ပညာရေးမှူး ဦးမင်းအောင်ဝင်းထံက သိရသည်။

ခတ္တာ