ကယားပြည်နယ်ရဲတပ်ဖွဲ့မှီခိုသူရဲမေများ အခြေခံစစ်ရေးပြနှင့် လက်နက်ငယ်ကျွမ်းကျင်မှု သင်တန်းဖွင့်ပွဲ အခမ်းအနား လွိုင်ကော်မြို့၌ ကျင်းပ

ကယားပြည်နယ် ရဲတပ်ဖွဲ့ရှိမှီခိုသူရဲမေများ အခြေခံစစ်ရေးပြနှင့် လက်နက်ငယ် ကျွမ်းကျင်မှုသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက လွိုင်ကော်မြို့၊ မြို့နယ်ခန်းမ၌ကျင်းပရာ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် ၊ ဒေသကွပ်ကဲရေးမှူး ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ ၊ ဌာနဆိုင်ရာများ ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် သင်တန်းသူမှီခိုရဲမေများ တက်ရောက်ခဲ့ကြသည်။

ဘီးလင်းမြို့နယ်၌ ပြည်သူလူထုပူးပေါင်းပါဝင်သော သစ်ပင်စိုက်ပျိုးခြင်းနှင့် ပြုစုထိန်းသိမ်းရေး အသိပညာပေးဟောပြောပွဲကျင်းပ

မွန်ပြည်နယ် ဘီးလင်းမြို့နယ်တွင် ပြည်သူလူထုပူးပေါင်းပါဝင်သော သစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၈ နာရီခွဲအချိန်က အ.ထ.က (နှင်းပုလဲ) ကျောင်းဝန်းအတွင်း၌ ကျင်းပခဲ့သည်။

တံတားမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းကျင်းပပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြည်သူများစာဖတ်ခြင်းဖြင့် အသိပညာဗဟုသုတတိုးပွားစေရန်၊ စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရန်၊ ကိုယ်ပိုင်သီးသန့် စာဖတ်ချိန်ရရှိ‌‌စေရန်၊ တစ်ဦးနှင့်တစ်ဦး အပြန်အလှန်‌ဆွေးနွေးတတ်စေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်‌ရေးအတွက် စာရာရေးဆရာ‌အောင်သင်းရေးသားသည့် “ကိုယ့်ကိုကိုယ်ပြဋ္ဌာန်းခြင်း” စာအုပ်ဖြင့် ယနေ့နံနက် (၉) နာရီတွင် (Youth Club) အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့သည်။

ဒက္ခိဏခရိုင်ရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဗီဒီယိုဖိုင်များ တည်းဖြတ်နည်း သင်တန်းဖွင့်လှစ်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း တိုင်း၊ ခရိုင်၊ မြို့နယ်များတွင် တာဝန်ထမ်းဆောင်နေကြသည့် ဝန်ထမ်းများအနေဖြင့် စာကြည့်တိုက်လုပ်ငန်းများနှင့် သတင်းလုပ်ငန်းများတွင် လွယ်ကူလျှင်မြန်စွာနှင့် ထိရောက်ထက်မြက်စွာ ဆောင်ရွက်နိုင်ကြစေရန်ရည်ရွယ်၍ ဗီဒီယိုဖိုင်များ တည်းဖြတ်နည်းသင်တန်းကို ယနေ့နံနက်ပိုင်းတွင် ဒက္ခိဏခရိုင်ရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။

ဖျာပုံခရိုင်ရုံး Community Centre ခန်းမ၌ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်း အသိပညာပေး(Talk Show)ပြုလုပ်

ဖျာပုံခရိုင်ရုံး Community Centre ခန်းမ၌ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်း အသိပညာပေး(Talk Show)ပြုလုပ် ဖျာပုံ ဇူလိုင် ၂၂ အောင်ဝင်းနိုင် (ဖျာပုံခရိုင်ပြန်/ဆက်)

ညောင်လေးပင်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ မြို့နယ်စာရေးဆရာအသင်းမှ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲနှင့် စာဖတ်ဝိုင်းပြုလုပ်

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်ခရိုင် ညောင်လေးပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနCommunity Centre ခန်းမ၌ ယမန်နေ့ မွန်းလွဲ ၁ နာရီက မြို့နယ်စာရေးဆရာအသင်းမှ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲနှင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ထန်းတပင်မြို့နယ်၌ အားကစားနှင့်လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကျင်းပ

လူငယ်လူရွယ်များအားကစားဆိုင်ရာ အသိပညာနှင့် ဗလငါးတန်ဖွံ့ဖြိုးပြီး လူတော်လူကောင်းများ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ အ.ထ.က (ကျူတော) နှင့် အ.ထ.က(ခွဲ)အုတ်ဖိုတို့တွင် ယနေ့တွင် ကျင်းပခဲ့ကြောင်း သိရသည်။

ဟိုင်းကြီးကျွန်းမြို့ သက္ကယ်သောင်ကျေးရွာအုပ်စုနှင့် ကျေးရွာအသီးသီး၌ ဝါဆိုလှိုင်းခုန်ပွဲတော်ကို စည်ကားသိုက်မြိုက်ပျော်ရွှင်စွာ ကျင်းပ

ဟိုင်းကြီးကျွန်းမြို့ သက္ကယ်သောင်ကျေးရွာအုပ်စုနှင့် ကျေးရွာအသီးသီး၌ ဝါဆိုလှိုင်းခုန်ပွဲတော်ကို စည်ကားသိုက်မြိုက်ပျော်ရွှင်စွာ ကျင်းပ ဟိုင်းကြီးကျွန်း ဇူလိုင် ၂၂ လှိုင်မျိုးအောင်(ဟိုင်းကြီးကျွန်း ပြန်/ဆက်)

ရခိုင်ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာန၌ ကျင်းပသော ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်မှုသင်တန်းနှင့် စကားဝိုင်းဆွေးနွေးပွဲတက်ရောက်

ရခိုင်ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာန၌ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်မှုသင်တန်းနှင့် စကားဝိုင်းဆွေးနွေးပွဲဖွင့်ပွဲကို ယနေ့နံနပိုင်းက အဆိုပါရုံးသင်တန်းခန်းမ၌ကျင်းပရာ ရခိုင်ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရ၊ ငါးလုပ်ငန်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဒေါက်တာထွန်းသိန်းနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ သင်တန်းသား၊ သင်တန်းသူများတက်ရောက်ကြသည်။
Subscribe to