သထုံခရိုင် ပြည်သူ့စာကြည့်တိုက်၌ ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စွမ်းရည်ပြိုင်ပွဲများ ပြုလုပ်

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူး‌ပေါင်း၍ ကျောင်းသားကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး ဗလငါးတန်ဖွံ့ဖြိုးရေးအတွက် ယနေ့မွန်းလွဲပိုင်းက သထုံမြို့၊ ဘင်လှိုင်ရပ်ကွက်ရှိ ခရိုင်ပြည်သူ့စာကြည့်တိုက်၏ လူထုအခြေပြုဗဟိုဌာနခန်းမ၌ အသိပညာပေးဟောပြောခြင်း၊ နံရံကပ်စာစောင်ပြသခြင်းနှင့် စွမ်းရည်ပြိုင်ပွဲများတို့ကို ပြုလုပ်ခဲ့ကြ‌သည်။

ထန်းတပင်မြို့နယ်၌ မျိုးစေ့ချကိရိယာ(Seeder)ဖြင့် မိုးစပါးလက်တွေ့စိုက်ပျိုးပြသ

ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်အတွင်းရှိ တောင်သူများ စပါးစိုက်ပျိုးရာတွင် လုပ်အားကုန်ကျမှုစရိတ်များနှင့် မျိုးစေ့နှုန်းထားကုန်ကျမှုစရိတ်များ သက်သာစေရန်အတွက် ယနေ့၊ နံနက်ပိုင်းက မျိုးစေ့ချကိရိယာ(Seeder)ဖြင့် မိုးစပါးလက်တွေ့စိုက်ပျိုးပြသပေးခြင်းကို ကျွဲကူးကျေးရွာအုပ်စု၊ ရေကျော်ကုန်းကျေးရွာတွင် ကျင်းပပြုလုပ်သည်။

ညောင်လေးပင်မြို့နယ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်ပေး

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်၊ ပြည်သူ့ဆေးရုံတွင် ယနေ့နံနက် ၉ နာရီအချိန်မှစ၍ မြို့နယ်အတွင်းရှိ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာတက်ကြွသော လူကြီးဘဝသဘောတရားကိုအခြေခံ၍ ကျန်းမာရေးစောင့်ရှောက်မှု ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် မြန်အောင်မြို့နယ်အတွင်း ရေဘေးသင့်ပြည်သူများအား အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက မြန်အောင်မြို့နယ်အတွင်း ဧရာဝတီမြစ်ရေကြီးမြင့်မှုကြောင့် တာတမံထိန်း သိမ်းရေးလုပ်ငန်းများဆောင်ရွက်ထားရှိမှု၊ သီးနှံများရေကြီးနစ်မြုပ်မှုအခြေအနေအား ကြည့်ရှုစစ်ဆေး၍ မြန်အောင်မြို့အမှတ်(၅) ရပ်ကွက်တာဝတိံသာဓမ္မာရုံတွင် မြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများအတွက် အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ကျိုက်ထိုမြို့နယ်၌ အသိပညာပေးဟောပြောပွဲနှင့် သစ်ပင်စိုက်ပျိုးပွဲကျင်းပ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် သစ်တောဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲနှင့် သစ်ပင်စိုက်ပျိုးပွဲကျင်းပခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျိုက်ထိုမြို့နယ်၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း ရာပြည့် ခန်းမ၌ကျင်းပခဲ့ကြောင်း သိရသည်။

ဝါးခယ်မမြို့နယ်တွင် မြစ်ကမ်းပါးပြိုကျမှုကြောင့် နေအိမ်ပြောင်းရွှေ့ခဲ့ရသည့် အိမ်ထောင်စုဝင်များအား ထောက်ပံ့ပေးအပ်

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ရွှေလောင်းကျေးရွာ အ.ထ.က(ရွှေလောင်း)ကျောင်း မေခခန်းမ၌ ယနေ့မွန်းလွဲ ၁ နာရီခွဲအချိန်က မြစ်ကမ်းပါးပြိုကျမှုကြောင့် နေအိမ်ပြောင်းရွေ့ခဲ့ရသည့် အိမ်ထောင်စုဝင်များအား အိမ်ဆောက်ပစ္စည်း‌ထောက်ပံ့ငွေနှင့် ဆန်ရိက္ခာ‌ထောက်ပံ့ငွေများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ပျဉ်းမနားမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ “လူငယ်နှင့် အနာဂတ်ကမ္ဘာ”အသိပညာပေး Talk Show ကျင်းပ

ပျဉ်းမနားမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ “လူငယ်နှင့် အနာဂတ်ကမ္ဘာ”အသိပညာပေး Talk Show ကျင်းပ ပျဉ်းမနား ဇူလိုင် ၂၂ မျိုးသီဟ(ပြန်/ဆက်)

ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီး ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဘက်စုံပြုပြင်မွမ်းမံဆောင်ရွက်နိုင်ရေး အလှူငွေပေးအပ်လှူဒါန်း

ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီး ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဘက်စုံပြုပြင်မွမ်းမံဆောင်ရွက်နိုင်ရေးအတွက် အလှူငွေပေးအပ်လှူဒါန်းခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းက အဆိုပါဗိမာန်တော်ကြီး၌ ကျင်းပပြုလုပ်ခဲ့သည်။ 

ငါန်းဇွန်မြို့နယ်၌ အငြိမ်စားဝန်ထမ်းများအား ပင်စင်လစာငွေများ စတင်ထုတ်ပေး

မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်၌ ဇူလိုင်လအတွက် အငြိမ်းစားပင်စင်လစာငွေများကို ယနေ့နံနက် ၆ နာရီအချိန်ကစတင်ကာ အငြိမ်းစားပင်စင်စား နိုင်ငံ့ဝန်ထမ်းများကို စတင်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
Subscribe to