ထန်းတပင်မြို့နယ်၌ မျိုးစေ့ချကိရိယာ(Seeder)ဖြင့် မိုးစပါးလက်တွေ့စိုက်ပျိုးပြသ

ထန်းတပင် ဇူလိုင် ၂၂

ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်အတွင်းရှိ တောင်သူများ စပါးစိုက်ပျိုးရာတွင် လုပ်အားကုန်ကျမှုစရိတ်များနှင့် မျိုးစေ့နှုန်းထားကုန်ကျမှုစရိတ်များ သက်သာစေရန်အတွက် ယနေ့၊ နံနက်ပိုင်းက မျိုးစေ့ချကိရိယာ(Seeder)ဖြင့် မိုးစပါးလက်တွေ့စိုက်ပျိုးပြသပေးခြင်းကို ကျွဲကူးကျေးရွာအုပ်စု၊ ရေကျော်ကုန်းကျေးရွာတွင် ကျင်းပပြုလုပ်သည်။

မျိုးစေ့ချကိရိယာ(Seeder)ဖြင့် မိုးစပါးလက်တွေ့စိုက်ပျိုးပြသပွဲတွင်လည်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်နိုင်ဦးနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစောဝင်းကိုတို့က စပါးမျိုးစေ့ချကိရိယာစီဒါ(Seeder)အသုံးပြုရခြင်း၏ အကျိုးကျေးဇူးများကို တက်ရောက်လာကြသည့် ဒေသခံတောင်သူများကို ရှင်းလင်းပြောကြားခဲ့ကြပြီး မျိုးစေ့ချကိရိယာ(Seeder)ဖြင့် မိုးစပါးကို လက်တွေ့စိုက်ပျိုးပြသပေးခဲ့ကြသည်။

မျိုးစေ့ချကိရိယာ(Seeder)ဖြင့် မိုးစပါးလက်တွေ့စိုက်ပျိုးပြသပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်နိုင်ဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြပြီး မျိုးစေ့ချကိရိယာ(Seeder)ဖြင့် စပါးစိုက်ပျိူးရာတွင် အတန်းလိုက်စိုက်ပျိုးသည့် စနစ်ဖြစ်သည့်အတွက် လေဝင်လေထွက်ကောင်းမွန်ကာ ပိုးမွှားရောဂါကိုအလွယ်တကူ ကာကွယ်နိုင်ခြင်းနှင့် စပါးအထွက်နှုန်းများလည်း တိုးတက်လာစေမည်ဖြစ်ကြောင်းလည်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ဇင်မင်းထိုက်