မြန်အောင် ဇူလိုင် ၂၂
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက မြန်အောင်မြို့နယ်အတွင်း ဧရာဝတီမြစ်ရေကြီးမြင့်မှုကြောင့် တာတမံထိန်း သိမ်းရေးလုပ်ငန်းများဆောင်ရွက်ထားရှိမှု၊ သီးနှံများရေကြီးနစ်မြုပ်မှုအခြေအနေအား ကြည့်ရှုစစ်ဆေး၍ မြန်အောင်မြို့အမှတ်(၅) ရပ်ကွက်တာဝတိံသာဓမ္မာရုံတွင် မြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများအတွက် အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ဦးစွာတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများသည် မြန်အောင်တာမိုင် ၄/၀ အနီး နတ်ပီတိကွင်း ရေနစ်မြုပ်မှုအခြေအနေနှင့်မြို့နယ်အတွင်း သီးနှံများ ရေကြီးနစ်မြုပ်မှုအခြေအနေများကို ကြည့်ရှုစစ်ဆေး၍ မြန်အောင်မြို့ အမှတ်(၅) ရပ်ကွက် တာဝတိံသာဓမ္မာရုံတွင် မြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများအတွက် အခြေခံစားသောက်ကုန်များနှင့်ရေသန့်ဆေးပြားများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ဝင်းဗိုလ်(မြန်အောင်)