ပခုက္ကူမြို့နယ်တွင် ဧရာဝတီမြစ်ရေ စိုးရိမ်ရေမှတ်အောက် (၃ ဒသမ ၆၁) ပေခန့်ကျဆင်း

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်တွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့နံနက် (၆) နာရီခွဲအချိန် ဧရာဝတီမြစ်ရေ တိုင်းထွာချက်အရ ပခုက္ကူမြို့၏ စိုးရိမ်ရေမှတ် (၂၁၅၀) စင်တီမီတာ (၇၀ ဒသမ ၅၄) ပေအောက် (၃ ဒသမ ၂၆၁) ပေခန့် ကျဆင်းလျက်ရှိကြောင်း သိရသည်။

လှိုင်းဘွဲမြို့နယ်၌ တိုင်းရင်းသားရေးရာ အသိပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာ ဆန်းစစ်စီမံခြင်းအစီအစဉ် ဆောင်ရွက်

တိုင်းရင်းသားရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန ကရင်ပြည်နယ် ညွန်ကြားရေးမှူးရုံးမှ ဦးဆောင်၍ လှိုင်းဘွဲမြို့နယ်၊ ကမော့ချူးကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)၌ တိုင်းရင်းသားရေးရာ အသိပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာ ဆန်းစစ်စီမံခြင်းနှင့် ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က ပြုလုပ်ကျင်းပခဲ့သည်။

လှိုင်းဘွဲမြို့နယ်၌ မိုးသည်းတန်စွာရွာသွန်းပြီး တောင်ကျရေစီးဆင်းမှုကြောင့် အာရှကားလမ်းမပေါ်ရှိတံတား (၂) စင်း ပြိုကျပျက်စီး

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၌ မိုးများအဆက်မပြတ် သည်းထန်စွာရွာသွန်းပြီး တောင်ကျရေစီးဆင်းမှုကြောင့် ပိုင်ကျုံမြို့၊ ကြက်တူရွေးကျေးရွာအုပ်စု ထီလုံ-တာပေါင်-ပတ-နဘူး-ကော့ကရိတ် (တံတားကျိုး) အာရှကားလမ်းမကြီးပေါ်ရှိ ဘုရားကုန်းကျေးရွာအနီး တံတားအမှတ် (၃/၂၂)၊ အရှည် (၂၀) ပေ၊ အကျယ် (၃၀) ပေ၊ အမြင့် (၁၀) ပေရှိသော သံကူကွန်ကရစ်တံတား (၁) စင်းနှင့် ထီလုံ-တာပေါင်-ပတ-နဘူး-ကော့ကရိတ်(တံတားကျိုး) အာရှကားလမ်းမကြီးပေါ်ရှိ ကြက်တူရွေးကျေးရွာအုပ်စု၊ ကွန်းစုကျေးရွာ နှင့် ကော့ကျားမကော်ကျေးရွာအကြား တံတားအမှတ် (၁/၂၃)၊ အရှည် (၁၀) ပေ၊ အကျယ် (၃၀ပေ)၊ အမြင့် (၁၀) ပေရှိသော သံကူကွန်ကရစ် တံတား (၁) စင်း၊ စုစုပေါင်း တံတား (၂) စင်းတို့မှာ တောင်ကျရေတိုက်စားမှုတို့ကြောင့် ဇူလိုင်လ (၂၅) ရက်နေ့ ည (၇) နာရီခွဲအချိန်က ပြိုကျပျက်စီးသွားခဲ့ကြောင်း သိရသည်။

ကွမ်းခြံကုန်းမြို့နယ်၊ ကညင်ကုန်းကျေးရွာ လေဆင်နှာမောင်းတိုက်ခိုက်မှုကြောင့် နေအိမ်များပျက်စီး

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ ကညင်ကုန်းကျေးရွာတွင် ယမန်နေ့က လေဆင်နှာမောင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

လှိုင်းဘွဲမြို့နယ်၌ မိုးသည်းတန်စွာရွာသွန်းပြီး တောင်ကျရေစီးဆင်းမှုကြောင့် အာရှကားလမ်းမပေါ်ရှိ တံတား (၂) စင်း ပြိုကျပျက်စီး

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၌ မိုးများအဆက်မပြတ် သည်းထန်စွာရွာသွန်းပြီး တောင်ကျရေစီးဆင်းမှုကြောင့် ပိုင်ကျုံမြို့၊ ကြက်တူရွေးကျေးရွာအုပ်စု ထီလုံ-တာပေါင်-ပတ-နဘူး-ကော့ကရိတ် (တံတားကျိုး) အာရှကားလမ်းမကြီးပေါ်ရှိ ဘုရားကုန်းကျေးရွာအနီး တံတားအမှတ် (၃/၂၂)၊ အရှည် (၂၀) ပေ၊ အကျယ် (၃၀) ပေ၊ အမြင့် (၁၀) ပေရှိသော သံကူကွန်ကရစ်တံတား (၁) စင်းနှင့် ထီလုံ-တာပေါင်-ပတ-နဘူး-ကော့ကရိတ်(တံတားကျိုး) အာရှကားလမ်းမကြီးပေါ်ရှိ ကြက်တူရွေးကျေးရွာအုပ်စု၊ ကွန်းစုကျေးရွာ နှင့် ကော့ကျားမကော်ကျေးရွာအကြား တံတားအမှတ် (၁/၂၃)၊ အရှည် (၁၀) ပေ၊ အကျယ် (၃၀ပေ)၊ အမြင့် (၁၀) ပေရှိသော သံကူကွန်ကရစ် တံတား (၁) စင်း၊ စုစုပေါင်း တံတား (၂) စင်းတို့မှာ တောင်ကျရေတိုက်စားမှုတို့ကြောင့် ဇူလိုင်လ (၂၅) ရက်နေ့ည (၇) နာရီခွဲအချိန်က ပြိုကျပျက်စီးသွားခဲ့ကြောင်း သိရသည်။

မိုးညိုမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများက ယာယီရေဘေးရှောင်စခန်းများရှိ ပြည်သူများအားသွားရောက်ထောက်ပံ့

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌဦးဖြိုးဝေလင်းနှင့်အဖွဲ့ဝင်များ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မီးသတ်တပ်ဖွဲ့တို့မှတာဝန်ရှိသူများသည် ယမန်နေ့နံနက် ၁၀ နာရီက ကျေးရွာယာယီရေဘေးရှောင်စခန်းများရှိ ပြည်သူများသို့ သွားရောက်ထောက်ပံ့ခဲ့ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ် လက်ခုပ်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် လုပ်ငန်းအဖွဲ့ဝင်ရွေးချယ်ခြင်း ပြုလုပ်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် လက်ခုပ်ကျေးရွာ၌ ဒေသခံကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချနိုင်ရန်အတွက် မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းများဖော်ဆောင်နိုင်ရေး စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် လုပ်ငန်းအဖွဲ့ဝင်များရွေးချယ်ဖွဲ့စည်းခြင်းကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါကျေးရွာဓမ္မာရုံ၌ ကျင်းပသည်။

သာယာဝတီမြို့နယ်၌ မြစ်မခမြစ်ရေတိုက်စားမှုကြောင့် စံရွေး-ညောင်သာယာ တံတားကျိုးပေါက်ပျက်စီး

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ်တွင် မြစ်မခမြစ်ရေတိုက်စားမှုကြောင့် အလယ်ကုန်း-ဖိုးခေါင်-စံရွေး-ညောင်သာယာကျေးရွာသို့ ဆက်သွယ်ထားသည့် တံတားအမှတ်(၁/၇)၊ အလျား(၁၂၀)ပေ၊ အကျယ်(၁၂)ပေ၊ ဘေလီကွန်ကရစ်သံဘောင်တံတား)မှာ ယမန်နေ့ညနေ ၅ နာရီခွဲခန့် ကျိုးပေါက်ပျက်စီးခဲ့သည်။

တောင်ငူမြို့နယ် ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ် ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နတ်သျှင်နောင်အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ ဥပဒေအသိပညာ ပြန့်ပွားရေးသင်တန်း အမှတ်စဉ် (၂) ဆင်းပွဲအခမ်းအနား ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ တိုင်းဒေသကြီးလွှတ်တော်ရုံး အစည်းအဝေးခန်းမတွင် ယမန်နေ့ ညနေပိုင်း၌ ဥပဒေအသိပညာ ပြန့်ပွားရေးသင်တန်းအမှတ်စဉ် (၂) သင်တန်းဆင်းပွဲအခမ်းအနား ပြုလုပ်ခဲ့သည်။
Subscribe to