ပညာရေးဒီဂရီကောလိပ်ပေါင်းစုံ မိုးရာသီပိုက်ကျော်ခြင်းအားကစားပြိုင်ပွဲ (အမျိုးသား) လေးယောက်တွဲ ပထမ၊ ဒုတိယအဆင့်၊ ရှုံးထွက်ပွဲစဉ်များ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူပညာရေးဒီဂရီကောလိပ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ဖလား ပညာရေးဒီဂရီကောလိပ်ပေါင်းစုံ မိုးရာသီပိုက်ကျော်ခြင်းအားကစားပြိုင်ပွဲကို ဇူလိုင် ၂၀ ရက်နေ့မှ စတင်ကျင်းပခဲ့ရာ ဇူလိုင် ၂၅ ရက်နေ့တွင် (အမျိုးသား) လေးယောက်တွဲ ပထမ၊ ဒုတိယအဆင့်၊ ရှုံးထွက်ပွဲစဥ်များကိုကျင်းပခဲ့ပြီး အနိုင်ရရှိသည့် မန္တလေးအသင်းနှင့် မြောင်းမြအသင်း၊ တောင်ငူအသင်းနှင့် ရန်ကင်းအသင်းတို့ အကြိုဗိုလ်လုပွဲတွင် တွေ့ဆုံကြမည်ဖြစ်သည်။

ရွှေကျင်မြို့တွင် မြစ်ရေများဝင်ရောက်လာမှု‌ကြောင့် အနိမ့်ပိုင်း ရပ်ကွက်/ကျေးရွာများမှ ပြည်သူများ ပြောင်းရွှေ့

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်တွင် မိုးများအဆက်မပြတ်ရွာသွန်းမှုကြောင့် စစ်တောင်းမြစ်ရေနှင့် ရွှေကျင်မြစ်ရေများ မြင့်တက်လာကာ အနိမ့်ပိုင်းရပ်ကွက်/ကျေးရွာများမှ ပြည်သူများ ယမန်နေ့ နံနက်ပိုင်းမှစ၍ ပြောင်းရွှေ့လျက်ရှိကြောင်း သိရသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မော်လမြိုင်မြို့၊ ကမ်းနားလမ်း၊ သံလွင်မြစ်ကမ်းဘေးတစ်လျှောက် စွန့်ပစ်အမှိုက်များ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှု ကြည့်ရှုအားပေး

မွန်ပြည်နယ် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီ၏ ဦးဆောင်မှုဖြင့် မော်လမြိုင်မြို့၊ ကမ်းနားလမ်းသန့်ရှင်းသာယာလှပမှုရှိစေရေးအတွက် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ဇူလိုင်လ ၂၅ ရက်နေ့၊ ညနေပိုင်းက မော်လမြိုင်မြို့၊ ကမ်းနားလမ်း၊ သံလွင်မြစ်ကမ်းဘေးတစ်လျှောက် ချုံနွယ်များ၊ မြက်ပင်များ၊ စွန့်ပစ်အမှိုက်များကို ဌာနဆိုင်ရာများ၊ စည်ပင်သာယာရေးအဖွဲ့များနှင့် လူမှုရေးအသင်း၊ အဖွဲ့များက စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေအား ကြည့်ရှုအားပေးခဲ့ကြသည်။

မင်္ဂလာဒုံမြို့နယ်တွင် ခရိုင်ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ မင်္ဂလာဒုံမြို့နယ်တွင် ခရိုင်ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၅/၂၀၂၄) ကို ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ယမန်နေ့နံနက် (၁၀) နာရီက ကျင်းပပြုလုပ်သည်။

မင်္ဂလာဒုံမြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာများသို့ ပြင်းထန်းဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ရေး ကွင်းဆင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ မင်္ဂလာဒုံမြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာများသို့ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ရေးနှင့်ပတ်သက်၍ အသိပညာပေးဟောပြောခြင်း၊ ကာကွယ်ရေးဆိုင်ရာနည်းလမ်းများကို လိုက်နာဆောင်ရွက်ကြရန် အသံချဲ့စက်ဖြင့် နိူးဆော်ခြင်းများကို ကွင်းဆင်းဆောင်ရွက်လျက်ရှိသည်။

ပဲခူးမြို့၌ မော်တော်ဆိုင်ကယ် အခြေခံပြုပြင်ထိန်းသိမ်းနည်းသင်တန်း (၃/၂၀၂၄) ဖွင့်လှစ်

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီမှကြီးမှူး၍ တိုင်းဒေသကြီးအလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း(ပဲခူးမြို့)သင်တန်းခန်းမ၌ ယမန်နေ့ နံနက်ပိုင်းက မော်တော်ဆိုင်ကယ်အခြေခံပြုပြင်ထိန်းသိမ်းနည်းသင်တန်း(၃/၂၀၂၄) ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းအောင် တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။

ဖြူးမြို့နယ်၊ မြစိမ်းရောင်စီမံကိန်း(ဆီထွက်သီးနှံ)ချေးငွေ စတုတ္ထအကြိမ် ထုတ်ချေး

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ မင်းလမ်းကူးကျေးရွာအုပ်စု၊ ရေအိုးစင်ကျေးရွာ၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၊ မြစိမ်းရောင်စီမံကိန်း(ဆီထွက်သီးနှံ)ချေးငွေ စတုတ္ထအကြိမ် အသင်းသား (၉၂)ဦးအတွက် ငွေကျပ် (၃၁၀)သိန်းအား ထုတ်ချေးပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက ကျေးရွာဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင်  ပြုလုပ်ခဲ့ကြောင်း သိရသည်။

မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့်မော်လမြိုင် ပြည်သူ့ဆေးရုံကြီး အနောက်ဆောင် အမျိုးသမီးခွဲစိတ်ဆောင်ပေါ်သို့ ပိတောက်ပင် လဲကျမှုဖြစ်ပွား

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ပန်းဘဲတန်းရပ်ကွက်၊ တောင်ပေါ်ဆောင်လမ်းရှိ မော်လမြိုင် ပြည်သူ့ဆေးရုံကြီး အနောက်ဆောင် အမျိုးသမီးခွဲစိတ်ဆောင်ပေါ်သို့ ယမန်နေ့နံနက်ပိုင်းက မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ဆေးရုံကြီး အမျိုးသမီးခွဲစိတ်ဆောင် အနောက်ဘက်ရှိ ပိတောက်ပင် ပြိုလဲကျပြီး ထိခိုက်ပျက်ဆီးခဲ့သဖြင့် မြို့နယ်မီးသတ်ဦးစီးမှူး ဦးစိုးကျော်သူနှင့်အဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးတင်ဦးအဖွဲ့၊ မော်လမြိုင် တပ်နယ်အဖွဲ့ ဒုတိယဗိုလ်မှူးကြီး အောင်ဇော်ဟိန်းအဖွဲ့၊ လူမှုကူညီရေးအဖွဲ့ ဘိုဘိုဝင်းနှင့်အဖွဲ့၊ ရပ်ကျေးအဖွဲ့များ ပူးပေါင်း၍ရှင်းလင်းဆောင် ရွက်ခဲ့‌ကြောင်းသိရသည်။

ဓနုဖြူမြို့နယ်၌ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ခု ဘဏ္ဍာရေးနှစ်မှစတင်၍ ခေတ်မီစံပြကျေးရွာထူထောင်ရေးစီမံကိန်း(SMART Village) အကောင်အထည်ဖော်ဆောင်ရွက်မည့် ငါးဘတ်အိုင်ကျေးရွာအုပ်စု၊ ငါးဘတ်အိုင် ခေတ်မီစံပြကျေးရွာတွင် ယမန်နေ့ နံနက်ပိုင်းက မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ကျင်းပခဲ့သည်။

ညောင်တုန်းမြို့နယ်တွင် မြစ်ကမ်းအ‌ခြေအနေများအား ကြည့်ရှုစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့၊ မြစ်ကမ်းပါးအခြေအနေနှင့် မြစ်ကမ်းပါး ဆောင်ရွက်ထားရှိမှုအခြေအနေများကို ယမန်နေ့ နံနက်ပိုင်းက တာဝန်ရှိသူများမှ လိုက်လံကြည့်ရှု စစ်ဆေးခဲ့သည်။
Subscribe to