အုတ်တွင်းမြို့နယ်၌ ဘေးအန္တရာယ်သိရှိသတိပြုခြင်းနှင့်ဘေးကင်းစွာပြုမူနေထိုင်ခြင်းအကြောင်းနှင့်စိတ်ပိုင်းဆိုင်ရာအားပေးကူညီခြင်းအကြောင်းအသိပညာပေးဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်ကြက်ခြေနီအသင်းခွဲမှကြီးမှူး၍ ကျောင်းသား/ ကျောင်းသူများအား ဘေးအန္တရာယ်သိရှိသတိပြုခြင်းနှင့် ဘေးကင်းစွာပြုမူနေထိုင်ခြင်းအကြောင်းနှင့် စိတ်ပိုင်းဆိုင်ရာအားပေးကူညီခြင်းအကြောင်း အသိပညာပေးဆွေးနွေးခြင်းကို ယမန်နေ့နံနက် ၁၀ နာရီခွဲအချိန်က အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) ကြက်သွန်ခင်း-၂ ကျောင်းနှင့် မွန်းလွဲ(၁)နာရီအချိန်က အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) ပဲခူးလမ်းကျောင်းများ၌ ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မဟာအောင်မြေမြို့နယ်၌ စာဖတ်ရှိန်​မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ အမှတ်(၂)အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ မြို့နယ်ပြန်​ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ​မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်​မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲ၊ နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။

ကျိုက်လတ်မြို့နယ်တွင် အားကစားနှင့်ကာယပညာဉီးစီးဌာနမှ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများသင်ကြားပေးခြင်းနှင့် လူငယ်အသိပညာပေးဟောပြောပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် အားကစားနှင့်ကာယပညာဉီးစီးဌာနမှ လူငယ်အသိပညာပေးဟောပြောပွဲနှင့် ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများပြုလုပ်ခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက အမှတ်(၆)အခြေခံပညာမူလတန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

လှည်းကူးမြို့နယ်တွင် သက်ကြီးရွယ်အိုများအား ကျန်းမာရေးစောင့်ရှောက်မှုပေး

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်တွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်တိုင်းရင်းဆေးကုဌာနတို့ပူးပေါင်း၍ လှည်းကူးမြို့နယ်အတွင်းရှိ သက်ကြီးရွယ်အိုများအား  ယမန်နေ့နံနက် ၉ နာရီမှ မွန်းလွဲ ၂ နာရီထိ လှည်းကူးမြို့နယ်ပြည်သူ့ဆေးရုံကြီး၌ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသောင်းဒန်ဦးနှင့်ကျန်းမာရေးဝန်ထမ်းများက ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ပြည့်ပြည့်ဖြိုးနှင့် ဝန်ထမ်းများကလည်း တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းများ ဆောင်ရွက်ပေးခဲ့သည်။

မွန်ပြည်နယ်အစိုးရမှထောက်ပံ့သည့် ဆန်နှင့်စားသောက်ကုန်များအား ဘီးလင်းမြို့နယ်ရှိရေဘေးသင့်အိမ်ထောင်စုများထံပေးအပ်

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင်  မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ဇူလိုင်လ ၂၅ ရက်မှစတင်ကာ ဘီးလင်းမြစ်ရေမြင့်တက်လာသည့်အတွက် မြို့ပေါ်ရပ်ကွက် ၄ ခု နှင့် ကျေးရွာ ၆ ရွာတို့တွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ပဲခူးမြို့၌ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရပ်ကွက်အနိမ့်ပိုင်းနေရာများ၌ ရေဝင်ရောက်

ပဲခူးမြို့နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မြို့ပေါ်ရပ်ကွက်များဖြစ်သော ကျွန်းသာယာ၊ မြို့သစ်၊ ကျောက်ကြီးစု၊ ပြင်စီ၊ ရွာသစ်၊ ဇိုင်းဂနိုင်းတောင်ပိုင်း၊ ဇိုင်းဂနိုင်းမြောက်ပိုင်း၊ ကလျာဏီရပ်ကွက်တို့အတွင်း ရေဝင်လျက်ရှိပြီး ပဲခူးမြစ်ရေသည် ယနေ့ နေ့လယ် ၁၁ နာရီ တိုင်းထွာချက်အရ ယင်းမြို့၏ စိုးရိမ်ရေမှတ် ၈၈၈ စင်တီမီတာအထက် ၉၂၆ စင်တီမီတာသို့ ကျော်လွန်ရောက်ရှိနေကြောင်း သိရသည်။

မောင်ဘိဝကျေးရွာရှိ မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့သည့် နေအိမ်(၁)လုံးအတွက် ဆန်ရိက္ခာ၊ ကယ်ဆယ်ရေးပစ္စည်းနှင့် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေများ ပေးအပ်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့သည့် နေအိမ်(၁)လုံးအတွက် ဆန်ရိက္ခာ၊ ကယ်ဆယ်ရေးပစ္စည်းနှင့် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေများအား တာဝန်ရှိသူများက ယမန်နေ့ညနေပိုင်းက ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့သည်။

မင်းတုန်းမြို့နယ်တွင် မိုးများအဆက်မပြတ်ရွာသွန်းမှုကြောင့် သီးနှံစိုက်ခင်းများ ရေကြီးနစ်မြုပ်

မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ်တွင် မိုးများအဆက်မပြတ်ရွာသွန်းခြင်းကြောင့် ယမန်နေ့ညနေပိုင်းမှစ၍ မင်းတုန်းချောင်းရေများမြင့်တက်လာမှုကြောင့် မင်းတုန်း-ဘူးတောင်းရွာ ပုသိမ်-မုံရွာ ဆက်သွယ်ရေးလမ်းရေကျော်ပြီး လမ်းဘေးဝဲယာရှိ နှမ်းစိုက်ခင်း၊ ဟင်းသီးဟင်းရွက်နှင့် ဖူးစားပြောင်း စိုက်ခင်းများ ရေကြီးနစ်မြုပ်ခဲ့သည်။

ကျိုက္ကော်ရပ်ကွက် မြို့မဈေးအရှေ့ရှိ ရန်ကုန်-မော်လမြိုင် အဝေးပြေးကားလမ်းမပေါ် ရေကျော်ကာ ယာဉ်များအသွားအလာပြုလုပ်ရန် ခက်ခဲ

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့တွင် မိုးသည်းထန်စွာအဆက်မပြတ်ရွာသွန်းပြီး တောင်ကျရေများစီးဆင်းမှုကြောင့် ယနေ့ နံနက်က ကျိုက္ကော်ရပ်ကွက် မြို့မဈေးအရှေ့ရှိ ရန်ကုန်-မော်လမြိုင်အဝေးပြေးကားလမ်းမပေါ် ရေကျော်ကာ ယာဉ်များအသွားအလာခက်ခဲမှု ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင့်လွင် တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၆/၂၀၂၄) အစည်းအဝေးတက်ရောက်

မကွေးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၆/၂၀၂၄)ကြိမ်မြောက် အစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ မကွေးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင့်လွင်နှင့်ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
Subscribe to