ကွမ်းခြံကုန်းမြို့နယ်၊ ကညင်ကုန်းကျေးရွာ လေဆင်နှာမောင်းတိုက်ခိုက်မှုကြောင့် နေအိမ်များပျက်စီး

ကွမ်းခြံကုန်း ဇူလိုင် ၂၇

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ ကညင်ကုန်းကျေးရွာတွင် ယမန်နေ့က လေဆင်နှာမောင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ လေဆင်နှာမောင်းတိုက်ခိုက်မှုကြောင့် ကညင်ကုန်းကျေးရွာအုပ်စုရှိ 11KV လိုင်း(Tension)(၂)တိုင်စင်(၄)တိုင်၊ 11KVလိုင်း(Suspension)တိုင်(၃)တိုင်၊ 11/0.4KV, 100KVA(၂)တိုင်စင်(၂)တိုင် စုစုပေါင်း(၉)တိုင်နှင့် 11/0.4KV,100KVA Busting(၁)လုံးကွဲခြင်း​တို့ကြောင့် စုစုပေါင်းခန့်မှန်းတန်ဖိုးငွေ(၁၇.၂၅)ကျပ်သန်းပျက်စီးဆုံးရှုံးခဲ့ပြီး ဓနိမိုး၊ ဝါးထရံကာနေအိမ်(၁)လုံး၊ သွပ်မိုး၊ ထရံကာ(၃၆) စုစုပေါင်(၃၇)လုံးအမိုးလန်ခြင်းနှင့် သွပ်မိုး၊ ပျဥ်ထောင်အိမ်(၂၉)လုံးတိုက်ခံအိမ်(၅)လုံး စုစုပေါင်း(၃၄)လုံးပြိုကျပျက်စီးပြီး လူနှင့်တိရစ္ဆာန်များ ထိခိုက်ပျက်စီးမှုမရှိပါကြောင်းနှင့် အိမ်ထောင်စု(၇၁)စု ကျား(၉၅)ဦး၊ မ(၉၇)ဦး စုစုပေါင်း(၁၉၂)ဦးအား ကညင်ကုန်းကျေးရွာအတွင်းရှိဘုရားကြီး ဘုန်းတော်ကြီးကျောင်းတိုက်တွင် ယာယီနေရာချထားပေးခဲ့ကြောင်းသိရသည် ။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာနတပ်ဖွဲ့ဝင်များ၊ မြို့နယ်သဘာဝဘေးန္တရာယ်ကြိုတင်ကာကွယ်ရေးအဖွဲ့ဝင်များနှင့် ပရဟိတအသင်းအဖွဲ့များပူးပေါင်း၍ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်