ပုသိမ် ဇူလိုင် ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် အသိပေးနှိုးဆော်ခြင်းနှင့်လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများကို ယနေ့နံနက်ပိုင်းက လိုက်လံဆောင်ရွက်ခဲ့သည်။
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာ၀တီတိုင်းဒေသကြီးဦးစီးမှူးရုံးနှင့် ပုသိမ်ခရိုင် ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဝင်များက ပုသိမ်မြို့နယ်၊ ကျောက်ချောင်းကြီးကျေးရွာနှင့် ရွာသစ်ကျေးရွာများသို့ သွားရောက်၍ ရေဘေးနှင့်မြေပြိုဘေးအန္တရာယ်နှင့်ပတ်သက်သော ဆောင်ရန်/ရှောင်ရန်အချက်များ၊ သဘာဝဘေးအန္တရာယ် ပေါ်ပေါက်လာပါက ဆောင်ရွက်ရမည့်နည်းလမ်းများအား လိုက်လံနှိုးဆော်ခြင်း၊ အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းတို့အား ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)