ကျွန်းစု ဇူလိုင် ၂၈
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ဌာနဆိုင်ရာများ စုပေါင်း၍ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းက အမှတ်(၃)ရပ်ကွက်ရှိ သီရိမင်္ဂလာဘုန်းတော်ကြီးကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားကို နမောတဿ(၃)ကြိမ် ရွတ်ဆိုကာ ဖွင့်လှစ်ခဲ့ပြီး ဌာနဆိုင်ရာများနှင့် တရားနာပရိတ်သတ်များက ရှစ်ပါးသီလခံယူဆောက်တည်စေခဲ့ကာ ဝါဆိုသင်္ကန်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ထိုနောက် ဆရာတော်က အနုမောဒနာတရား ဟောကြားချီးမြှင့်ခဲ့ပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှဝေခြင်းများ ပြုလုပ်ခဲ့ကာ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတု (၃)ကြိမ် ရွတ်ဆို၍ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ထက်မြင့်(ကျွန်းစု)