ရေဖြုမြို့နယ်တွင် မိုးအဆက်မပြတ်ရွာသွန်မှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပေါ်

ရေဖြူ ဇူလိုင် ၂၈

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် ဇူလိုင်လအတွင်း မိုးအဆက်မပြတ်ရွာသွန်းလျက်ရှိရာ ဇူလိုင် ၂၃ ရက်နှင့် ၂၄ ရက်နေ့တို့တွင် မိုးရေချိန် (၁၈)လက်မကျော် ရွာသွန်းပြီး မြို့နယ်အတွင်း ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့သည်။

ဇူလိုင် ၂၅ ရက်နေ့တွင် ကားလမ်းများနှင့် အနိမ့်ပိုင်း ရပ်ကွက်ကျေးရွာများသို့ အမြင့်(၃)ပေမှ (၆)ပေအထိ ရေတက်ခဲ့ပြီး ယနေ့ဇူလိုင် ၂၈ ရက်နေ့တွင့် မြို့ထဲအချို့နေရာများတွင်(၁)ပေမှ (၄)ပေအထိ မြစ်ရေကြီးဆဲဖြစ်ကြောင်း သိရသည်။

အဆိုပါ ထားဝယ်မြစ်ရေမြင့်တက်မှုကြောင့် မီးသတ်တပ်ဖွဲ့ဝင်များ လူသွားလမ်းများပေါ် ကြိုးတန်းပေးခြင်း၊ ဖိုင်ဘာစက်လှေဖြင့် ကူးပို့ခြင်း၊ ပစ္စည်းများ‌ပြောင်းရွှေ့ပေးခြင်း စသည့်ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ပြီး လူနှင့်တိရိစ္ဆာန်သေဆုံးမှုမရှိကြောင်းနှင့် ရွှေ့ပြောင်းပေးရသည့် အိမ်ထောင်စုများမရှိကြောင်း သိရသည်။

ခတ္တာ