တွံတေးမြို့နယ်၌ ကျပ်သိန်း ၁၅၀ ဖြင့် ဆောက်လုပ်လျက်ရှိသော စာကြည့်တိုက်နှစ်တိုက်အား အပတ်စဥ်ကြည့်ရှုစစ်ဆေးလျက်ရှိ

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် နိုင်ငံတော်အစိုးရမှ ပြည်သူများအသိပညာဗဟုသုတများတိုးပွားစေရေးနှင့် စာအုပ်စာစောင်များ အလွယ်တကူဖတ်ရှုလေ့လာနိုင်စေရန် ရည်ရွယ်၍ မြန်မာနိုင်ငံစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှုကော်မတီမှ မတည်ထောက်ပံ့ငွေ ကျပ်သိန်း ၁၅၀ ဖြင့် ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များကြီးကြပ်မှုကော်မတီ၏ ကြီးကြပ်မှုဖြင့် ဆောင်ရွက်သည့် ကံရွာနှင့်ထိန်ကုန်းကျေးရွာများ၌ စာကြည့်တိုက်အဆောက်အဦအသစ် တည်ဆောက်နေမှုကို ယမန်နေ့နံနက် ၉ နာရီအချိန်က အဆိုပါစာကြည့်တိုက်ဆောက်သည့် ကျေးရွာများသို့ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့်အဖွဲ့ဝင်များက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။

စဉ့်ကိုင်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ခုနှစ် မိုးစပါး၊ ဆီထွက်သီနှံများနှင့် ဝါသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး (မျိုးစေ့နှင့်သွင်းအားစု)များ (အခမဲ့) ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနား ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ခုနှစ်၊ မိုးစပါး၊ ဆီထွက် သီးနှံများနှင့် ဝါသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး မျိုးစေ့နှင့် သွင်းအားစုများ (အခမဲ့) ထောက်ပံ့ ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၀:၀၀ နာရီက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ (ကိုယ်စား) ယာယီမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်လင်း၊ ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးချစ်ဆွေဦးနှင့် ခရိုင်စိုက်ညှိ အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသန်းဇော်နှင့် မြို့နယ်စိုက်ညှိအဖွဲ့ဝင်များ၊ စိုက်ပျိုးရေး၀န်ထမ်းများနှင့် တောင်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မြို့သစ်မြို့နယ်တွင် ၂၀၂၄/၂၀၂၅ ခုနှစ်၊ မိုးစပါး (၂၃၂၁၅ ) ဧကကျော်စိုက်ပျိုးပြီး

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် ၂၀၂၄/၂၀၂၅ ခုနှစ်၊ မိုးစပါးစိုက်ပျိုးရန် လျာထားဧက (၆၄၁၁၂) စိုကိပျိုးရန်လျာထားခဲ့ပြီး ယနေ့ အထိ (၂၃၂၁၅) ဧကကျော်စိုက်ပျိုးပြီးစီးခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။

ပုသိမ်မြို့၌ ငဝန်မြစ်ရေမြင့်တက်လာမှုကြောင့် စာသင်ကျောင်း(၁၃)ကျောင်း ယာယီပိတ်ထား

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၌ မိုးသည်းထန်စွာရွာသွန်းကာ ငဝန်မြစ်ရေမြင့်တက်၍ ကျောင်းဝန်းများအတွင်း ရေများဝင်ရောက်မှုကြောင့် စာသင်ကျောင်း(၁၃)ကျောင်း ခေတ္တပိတ်ထားရကြောင်း သိရသည်။

ဘားအံမြို့၌ သံလွင်မြစ်ရေ စိုးရိမ်ရေမှတ်အထက်တွင် ဆက်လက်တည်ရှိ ရေဘေးသင့် ပြည်သူများအား ကူညီထောက်ပံ့

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် သံလွင်မြစ်ရေသည် ယမန်နေ့နံနက် ၁၁ နာရီခွဲအချိန် တိုင်းတာချက်များအရ စိုးရိမ်ရေအမှတ် ၇၅၀ စင်တီမီတာအထက် ၉၄၂ စင်တီမီတာတွင် ဆက်လက်တည်ရှိနေရာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများသည် ရေဘေးသင့်ပြည်သူများအား လိုအပ်သည့် ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

တံတားဦးမြို့နယ်တွင် (၂၅) ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကျင်းပနိုင်ရေး ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် တံတားဦးမြို့နယ်တွင် (၂၅)ကြိမ်မြောက် အဆို၊ အက ၊ အရေး၊ အတီး ပြိုင်ပွဲကျင်းပနိုင်ရေးအတွက် ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ၏ ဒုတိယအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ (၁) နာရီက တံတားဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပကြောင်း သိရသည်။

ဒေးဒရဲမြို့နယ် လေးအိမ်တန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းကျန်းမာရေးလုပ်ငန်းများကွင်းဆင်း ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ကျန်းမာရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ ဥာဏ်ရည်ထက်မြက်ပြီး ကျန်းမာသန်စွမ်းသော ကျောင်းသားလူငယ်များ ပေါ်ထွန်းလာစေရေးနှင့် ကျောင်းသား၊ ကျောင်းသူများ ကျန်းမာရေးအလေ့အကျင့်ကောင်းများ ရရှိကျင့်သုံးနိုင်စေရန်ရည်ရွယ်၍ ကျောင်းကျန်းမာရေးလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်(၁၀)နာရီက လေးအိမ်တန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ ကျန်းမာရေး အသိပညာပေးဟောပြောပွဲနှင့် ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးစစ်ဆေးပေးခဲ့ကြောင်း သိရသည်။

လိပ်သိုဒေသရှိ ကျေးရွာများတွင် နနွင်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ဒေသနေပြည်သူများသည် ကော်ဖီ၊ ဖာလာ၊ တညင်း စသည့် နှစ်ရှည်သီးနှံများကို အဓိကထား စိုက်ပျိုးကြပြီး အခြားဈေးကွက်ဝင်မည့် တောင်ယာသီးနှံမျိုးစုံလည်း စိုက်ပျိုးကြရာ ဒေသတွင်းရှိ ကျေးရွာများတွင် စိုက်ပျိုးထားသော နနွင်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိနေကြောင်း သိရသည်။

ကြံခင်းမြို့နယ်တွင် ဧရာဝတီမြစ်ရေကြီးမြင့်မှုကြောင့် ယာယီပိတ်ထားသော အခြေခံပညာကျောင်း (၆)ကျောင်း ပြန်လည်ဖွင့်လှစ်

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်တွင် ဧရာဝတီမြစ်ရေသည် စိုးရိမ်ရေ အမှတ်အထက် ကျော်လွန်ရောက်ရှိလာမှုကြောင့် အခြေခံပညာကျောင်းဝန်းအတွင်း မြစ်ရေဝင်ရောက်လာသဖြင့် ယာယီပိတ်ထားသော အခြေခံပညာကျောင်း (၆)ကျောင်းအား ယနေ့ နက်ပိုင်းမှစတင်၍ ပြန်လည်ဖွင့်လှစ်သင်ကြားလျက်ရှိသည်။
Subscribe to