ကြံခင်းမြို့နယ်တွင် ဧရာဝတီမြစ်ရေကြီးမြင့်မှုကြောင့် ယာယီပိတ်ထားသော အခြေခံပညာကျောင်း (၆)ကျောင်း ပြန်လည်ဖွင့်လှစ်

ကြံခင်း ဇူလိုင် ၃၀

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်တွင် ဧရာဝတီမြစ်ရေသည် စိုးရိမ်ရေ အမှတ်အထက် ကျော်လွန်ရောက်ရှိလာမှုကြောင့် အခြေခံပညာကျောင်းဝန်းအတွင်း မြစ်ရေဝင်ရောက်လာသဖြင့် ယာယီပိတ်ထားသော အခြေခံပညာကျောင်း (၆)ကျောင်းအား ယနေ့ နက်ပိုင်းမှစတင်၍ ပြန်လည်ဖွင့်လှစ်သင်ကြားလျက်ရှိသည်။

ကြံခင်းမြို့နယ်တွင် ဧရာဝတီမြစ်ရေသည် စိုးရေရေအမှတ်အထက် (၇၄.၂၅) ပေအထိ မြင့်တက် ခဲ့သောကြောင့် (၁၆.၇.၂၀၂၄) ရက်နေ့မှစ၍ အခြေခံပညာကျောင်းများ ယာယီပတ်ထားခဲ့ရာ ယခုအခါ ဧရာဝတီမြစ်ရေ ပြန်လည်ကျဆင်းခဲ့သောကြောင့်  အ.ထ.က (ခွဲ) ကရင်စု၊ အ.လ.က (ရေလယ်ကျွန်း)၊ အ.မ.က (သောကြာဒူး)၊ အ.မ.က (အလယ်ကျွန်း)၊ အ.မ.က(ကျွန်းကြီး)နှင့်အ.မ.က(ကျောက်စရစ်ကုန်း) ကျောင်းများအား ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းကော်မတီဝင်များနှင့် ကျောင်း သား၊ ကျောင်းသူများက ဧရာဝတီမြစ်ရေကြီးမှုကြောင့် တင်ကျန်ရစ်သည့် ရွှံ့နွန်များ၊ အမှိုက်သရိုက်များ အား ရေစုပ်စက်ဖြင့် ဆေးကြောရှင်းလင်းခြင်းများကို ဇူလိုင်လ ၂၇ ရက်နေ့တွင် ပူးပေါင်းဆောင်ရွက်ကြပြီး ဇူလိုင်လ ၂၉ ရက်နေ့တွင် ကျောင်းများ ပြန်လည်ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ဖြိုးဝေလင်း(ပြန် / ဆက်)