ပုသိမ်မြို့၌ ငဝန်မြစ်ရေမြင့်တက်လာမှုကြောင့် စာသင်ကျောင်း(၁၃)ကျောင်း ယာယီပိတ်ထား

ပုသိမ် ဇူလိုင် ၃၀

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၌ မိုးသည်းထန်စွာရွာသွန်းကာ ငဝန်မြစ်ရေမြင့်တက်၍ ကျောင်းဝန်းများအတွင်း ရေများဝင်ရောက်မှုကြောင့် စာသင်ကျောင်း(၁၃)ကျောင်း ခေတ္တပိတ်ထားရကြောင်း သိရသည်။

မိုးသည်းထန်စွာရွာသွန်းပြီး ငဝန်မြစ်ရေမြင့်တက်မှုကြောင့် အနိမ့်ပိုင်းရပ်ကွက်၊ကျေးရွာအချို့တွင် ရေများဝင်ရောက်မှုကြောင့် အ.လ.ကကျောင်း(၁)ကျောင်း၊ အ.မ.က() ကျောင်း၊ မူလွန်()ကျောင်း၊ စုစုပေါင်း(၁၃)ကျောင်းအား ယာယီပိတ်ထားခဲ့သည်။ ရေဝင်ရောက်သည့်ရပ်ကွက်/ကျေးရွာများရှိ ရွှေ့ပြောင်းရန်လိုအပ်သည့် အိမ်ထောင်စုများအား တာဝန်ရှိသူများက ယာယီရေဘေးရှောင်စခန်းများသို့ ခေတ္တရွှေ့ပြောင်းထားရှိပေးခဲ့ပြီး လိုအပ်သည်များ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။

ခရိုင်ပြန်/ဆက်