ထန်းတပင်မြို့နယ်၌ ဆန်နှင့် စားသုံးဆီများကို သက်သာသောနှုန်းထားဖြင့် ရောင်းချ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် ကုန်ဈေးနှုန်းတည်ငြိမ်စေရေးနှင့် ပြည်သူများ သက်သာချောင်ချိရေးအတွက် ရည်ရွယ်၍ ဆန်စက်ပိုင်ရှင်များ၊ စားသုံးဆီလုပ်ငန်းရှင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ရပ်ကွက်စာရေးတို့ပူးပေါင်း၍ စုရပ်သတ်မှတ်နေရာအသီးသီး၌ ယနေ့နံနက်ပိုင်းမှစ၍ စားသုံးဆီများနှင့် ဆန်များကို သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခဲ့သည်။

မိုးညိုမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တိရစ္ဆာန်အစာထောက်ပံ့ပေးအပ်

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တိရစ္ဆာန်အစာထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက် ၁၀ နာရီက ရွှေဥဒေါင်းရပ်ကွက်ရှိ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံး၌ ပြုလုပ်ခဲ့သည်။

အောင်လံမြို့နယ်၊ မဟာဇင်ကျေးရွာအုပ်စု၊ မဟာဇင်ကျေးရွာတွင် ကျေးရွာစာကြည့်တိုက်အဆောက်အဦ ပန္နက်တော်တင်အခမ်းအနား ကျင်းပ

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ မဟာဇင်ကျေးရွာ၌ နိုင်ငံတော်လှူဒါန်းထောက်ပံ့ငွေဖြင့် ဆောက်လုပ်မည့် မဟာဇင်ကျေးရွာ၊ ကျေးရွာစာကြည့်တိုက်အဆောက်အဦ ပန္နက်တော်တင်အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက မဟာဇင်ကျေးရွာ အဆိုပါစာကြည့်တိုက် မြေနေရာတွင် ကျင်းပခဲ့သည်။

ဆင်ပေါင်ဝဲမြို့နယ် မိုးရာသီ သီးနှံစိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေး

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ မြို့နယ်အတွင်းရှိ စိုက်ပျိုးရေးတောင်သူများအတွက် ၂၀၂၄ ခုနှစ်၊ မိုးရာသီ သီးနှံစိုက်ပျိုးထုတ်လုပ်မှုအတွက် စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ပေးခြင်းကို ယမန်နေ့နေ့လယ် ၂ နာရီခွဲအချိန်က ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

တောင်တွင်းကြီးမြို့နယ်၊ မြို့မဈေးအတွင်း ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး အသိပညာပေးခြင်းနှင့် ပလတ်စတစ်ညစ်ညမ်းမှုလျှော့ချရေး အသိပညာပေး လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပြည်သူများ ပလတ်စတစ်အိတ်လျှော့နည်းသုံးစွဲစေရန်ရည်ရွယ်၍ မြို့နယ်စည်ပင်သာယာရေး၊ မြို့မဈေးအတွင်း ဈေးရောင်း၊ ဈေးဝယ်ပြည်သူများအား ပလတ်စတစ်အိတ်၊ ကြွပ်ကြွပ်အိတ်အစား ငှက်ပျောဖက်၊ အင်ဖက်၊ စက္ကူအိတ်များ အသုံးပြုနိုင်ရေး အသိပညာပေးခြင်း (Campaign) နှင့် ပလတ်စတစ်ညစ်ညမ်းမှုလျှော့ချရေး အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ယမန်နေ့ နံနက် (၇) နာရီအချိန်က မြို့မစျေးအတွင်း ဆောင်ရွက်ခဲ့သည်။

ပွင့်ဖြူမြို့နယ်၌ ဧရာဝတီမြစ်ရေကျဆင်းသွား၍ စာသင်ကျောင်း(၇)ကျောင်း ပြန်လည်ဖွင့်လှစ်

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ရေဝင်ရောက်၍ ယာယီပိတ်ထားရသည့် စာသင်ကျောင်းများအနက် စာသင်ကျောင်း(၇)ကျောင်းမှာ မြစ်ရေကျဆင်းသွားသဖြင့် ယနေ့နံနက်ပိုင်းက ပြန်လည်ဖွင့်လှစ်၍ ပညာသင်ကြားပေးနေပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

မုဒုံမြို့၌ ပြည်သူလူထုပူးပေါင်းပါဝင်သော သစ်ပင်စိုက်ပျိုးခြင်း အသိပညာပေးဟောပြောပွဲပြုလုပ်

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ပြည်သူလူထုပူးပေါင်းပါဝင်သော သစ်ပင်စိုက်ပျိုးခြင်း အသိပညာပေးဟောပြောပွဲကို ယမန်နေ့က အ.မ.က(မူလွန်) တာပသွန်ကျောင်း၌ ကျင်းပသည်။

သံတောင်ကြီးမြို့တွင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ မြေပြိုဘေးသင့် နေအိမ်များအတွက် ထောက်ပံ့ပေးအပ်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် ဇူလိုင်လ(၂၅)ရက်နေ့၌ မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့် လေပြင်းတိုက်ခိုက်ခြင်းများကြောင့် သံတောင်ကြီးမြို့ပေါ် ရပ်ကွက်များတွင် မြေပြိုဘေးသင့် နေအိမ်များအတွက် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့ နံနက် (၁၀) နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကန့်ဘလူမြို့ အ.ထ.က(၁)၌ မိုးရာသီသစ်ပင်စိုက်ပျိုး၊ ထိန်းသိမ်းရေး အသိပညာပေး ဟောပြောပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ မြို့နယ်သစ်တောဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ မိုးရာသီသစ်ပင်စိုက်ပျိုး၊ ထိန်းသိမ်းရေး အသိပညာပေးဟောပြောပွဲနှင့် သစ်ပင်စိုက်ပျိုးခြင်းကို ယမန်နေ့နံနက် ၉ နာရီက ကျင်းပသည်။

အောင်လံမြို့၌ ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး အသိပညာပေးလက်ကမ်းစာစောင် ဖြန့်ဝေ

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပြည်သူများ ပလတ်စတစ်အိတ်လျှော့ချသုံးစွဲစေရန်ရည်ရွယ်၍ မြို့နယ်စည်ပင်သာယာမြို့မဈေးအတွင်း ဈေးရောင်းဈေးဝယ်ပြည်သူများအား ပလတ်စတစ် ကြွတ်ကြွတ်အိတ်အစား ငှက်ပျောဖက်၊ အင်ဖက်၊ စက္ကူအိတ်များ အသုံးပြုနိုင်ရေး အသိပညာပေးလက်ကမ်းစာစောင်များကို ယမန်နေ့နံနက် ၈ နာရီခွဲက ဆောင်ရွက်ခဲ့သည်။
Subscribe to