ကျိုက်လတ်မြို့နယ် (Community Centre)ခန်းမ၌ စားသုံးသူကာကွယ်ရေးအကြောင်း သိကောင်းစရာ Talk Show ကျင်းပ

ကျိုက်လတ်မြို့နယ် (Community Centre)ခန်းမ၌ စားသုံးသူကာကွယ်ရေးအကြောင်း သိကောင်းစရာ Talk Show ကျင်းပ ကျိုက်လတ် ဇူလိုင် ၂၉ လှိုင်မင်းအောင်

ရွှေတောင်မြို့နယ်တွင် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်လူထုအခြေပြုဗဟိုဌာနတွင် ပြည်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ နေ့လယ်ပိုင်းက ကျင်းပခဲ့သည်။

သရက်မြို့၌ ဆန်စက်နှင့် ဆန်လုပ်ငန်းရှင်များ အသင်းမှ စားသုံးသူပြည်သူများအား ဆန်များ ရောင်းချပေး

မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ဆန်စက်နှင့် ဆန်လုပ်ငန်းရှင်များအသင်းမှ စားသုံးသူ ပြည်သူများအား အရည်အသွေးကောင်းမွန်သော ဧည့်မထဆန် တစ်ပြည်လျှင်(၃၀၀၀) ကျပ်နှုန်းဖြင့် ရောင်းချပေးခြင်းကို ယမန်နေ့နံနက် (၈) နာရီက အနောက်ရပ်မြောက်ပိုင်းရပ်ကွက် အလင်းရောင် ဘုန်းတော်ကြီးကျောင်းတွင် ရောင်းချပေးလျက်ရှိသည်။

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား အသက်(၂၀)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

ပဲခူးမြို့၊ ဟံသာဝတီယူနိုက်တက်ဘောလုံးကွင်း၌ ယမန်နေ့ ညနေပိုင်းက ၂၀၂၄ခုနှစ်၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား အသက်(၂၀)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။

နတ်မောက်မြို့ အခြေခံပညာမူလတန်းကျောင်း(ရန်အောင်မြင်)၌ ကျန်းမာရေးစစ်ဆေးခြင်းနှင့် အသိပညာပေးဆွေးနွေး

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့ အခြေခံပညာမူလတန်းကျောင်း(ရန်အောင်မြင်)၌ မြို့နယ်မိခင်နှင့် ကလေးကျန်းမာရေးဌာနဝန်ထမ်းများက ယမန်နေ့နံနက်ပိုင်းက ကျန်းမာရေးစစ်ဆေးခြင်းနှင့် အသိပညာပေးဆွေးနွေးခြင်း ဆောင်ရွက်ခဲ့သည်။

တောင်တွင်းကြီးမြို့နယ်တွင် မိုးစပါးစိုက်ပျိုးရာသီ၌ မိုးစပါး ၂၅၄၈၆ ဧက စိုက်ပျိုးပြီးစီး

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်တွင် ရာသီအလိုက် သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ ယခုနှစ်အတွင်း မိုးစပါးစိုက်ပျိုးရာသီ၌ မိုးစပါး ၂၅၄၈၆ ဧက စိုက်ပျိုးပြီးစီးခဲ့ပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

နတ်မောက်မြို့၌ ရွေ့လျားစာကြည့်တိုက်မော်တော်ယာဉ်ဖြင့် အခြေခံပညာအလယ်တန်းကျောင်း (တမာပင်)သို့ သွားရောက်၍ စာအုပ်စာစောင်များ ငှားရမ်းပေး

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား/သူများ စာပေဖတ်ရှုလေ့လာတတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ အသိပညာပေး သုတ၊ ရသစာပေများနှင့် အဆက်မပြတ် ထိတွေ့မှုရှိစေရန် ရည်ရွယ်၍ အခြေခံပညာအလယ်တန်းကျောင်း(တမာပင်)သို့ ရွေ့လျားစာကြည့်တိုက်မော်တော်ယာဉ်ဖြင့် ယမန်နေ့နံနက် ၁၀ နာရီက စာအုပ်စာစောင်များ သွားရောက်ငှားရမ်းပေးခဲ့သည်။

ရွှေပြည်သာမြို့နယ်ရှိ အခြေခံပညာကျောင်းများ၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်ရှိ အခြေခံပညာကျောင်းများ သန့်ရှင်းသာယာလှပစေရန်နှင့် သွေးလွန်တုပ်ကွေးရေဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းတွင် အမှတ်(၁၆)ရပ်ကွက်ရှိ အမှတ်(၃၇)အခြေခံပညာမူလတန်းလွန်ကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to