တနင်္သာရီမြို့နယ် ကြက်ခြေနီအသင်းမှ ရေဘေးသင့်အိမ်ထောင်စုများအား တစ်ကိုယ်ရည်သုံး ပစ္စည်းပုံးနှင့် သောက်ရေသန့်ဘူးများ လိုက်လံထောက်ပံ့ပေးခြင်း

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ်ကြက်ခြေနီအသင်းဥက္ကဋ္ဌ ဦးဇော်အောင် ဦးဆောင်သည့် မြို့နယ်ကြက်ခြေနီတက်ဖွဲ့ဝင် အမျိုးသား(၉)ဦးနှင့် အမျိုးသမီး(၂)ဦး၊ စုစုပေါင်း(၁၁)ဦးတို့အဖွဲသည် တနင်္သာရီမြစ်ရေကြီးမှုဖြစ်စဉ်ကြောင့် ယာယီရေဘေးကယ်ဆယ်ရေးစခန်းများသို့ ယာယီပြောင်းရွှေ့နေထိုင်နေကြသည့် အိမ်ထောင်စုများအတွက် ယမန်နေ့က ဝမ်းရောဂါမှ ကြိုတင်ကာကွယ်နိုင်ရန်နှင့် အထောက်အကူဖြစ်စေရန်အတွက် တစ်ကိုယ်ရည်သုံးပစ္စည်းပုံး တစ်ပုံးစီနှင့် (၂၀)လီတာဝင် သောက်ရေသန့်ဘူး တစ်ဘူးစီတို့ကို လက်ဝယ်အရောက် လိုက်လံထောက်ပံ့ပေးအပ်ကြကြောင်း သိရသည်။

မင်းလှမြို့နယ် ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေများပေးအပ်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဧရာဝတီမြစ်ရေတတ်ပြီး မြစ်လက်တတ်ဖြစ်သည့် မြစ်မခမြစ်အတွင်းသို့ မြစ်ရေဝင်ရောက်မှုနှင့် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရေဘေးသင့်ခံရသည်အိမ်‌ထောင်စုဝင်များ လက်ဝယ်အရောက်ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယနေ့နံနက် ၁၁ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ပေးအပ်ခဲ့သည်။

ဒဂုံတက္ကသိုလ် ကြက်ခြေနီအသင်းခွဲမှ ကြီးမှူးကျင်းပသော ရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်း (၁/၂၀၂၄) သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြိုသစ်ခရိုင်၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်ဒဂုံတက္ကသိုလ်၊ ကြက်ခြေနီအသင်းခွဲမှ ကြီးမှူးကျင်းပသော ရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်းဆင်းပွဲကို ယမန်နေ့နံနက် ၉ နာရီအချိန်က ဥပဒေဌာနတွင် ကျင်းပခဲ့သည်။

ဖြူးမြို့နယ် အ.ထ.က(၁)ကျောင်း၌ ပန်းခင်းစီမံချက်(၃) အစီအစဉ်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား/ကျောင်းသူများအား လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြိုနယ်ဦးစီးမှူးရုံးမှဝန်ထမ်းများက ပန်းခင်းစီမံချက်(၃) အစီအစဉ်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ်ပေးခြင်းကို ယမန်နေ့နံနက်(၁၀)နာရီအချိန်မှစတင်ကာ အဆိုပါကျောင်း ရာပြည့်ခန်းမတွင် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး နည်းပညာတက္ကသိုလ်(မြစ်ကြီးနား)၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မိုးရာသီပါမောက္ခချုပ်ဖလား အားကစားပြိုင်ပွဲများ ဆုချီးမြှင့်ပွဲတက်ရောက်

နည်းပညာတက္ကသိုလ်(မြစ်ကြီးနား)၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မိုးရာသီပါမောက္ခချုပ်ဖလား ဖူဆယ်ဘောလုံးပြိုင်ပွဲ၊ ပိုက်ကျော်ခြင်း၊ ကြက်တောင်နှင့် စားပွဲတင်တင်းနစ်ပြိုင်ပွဲစသည့် အားကစားပြိုင်ပွဲများ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်လွဲပိုင်းက အဆိုပါတက္ကသိုလ် မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင် တက်ရောက်အားပေးချီးမြှင့်သည်။

မိုင်းယောင်းမြို့နယ်၌ သင်တန်းဆင်းအတွေ့အကြုံရှင်းလင်းပွဲ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဗလမင်းထင်ခန်းမ၌ ယမန်နေ့တွင် သင်တန်းဆင်းအတွေ့အကြုံရှင်းလင်းပွဲနှင့် (၇/၂၀၂၄)လ ဝန်ထမ်းဆန္ဒဖော်ထုတ်ပွဲကို ပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။

လိပ်သိုဒေသတွင် ဂေါ်ရခါးသီးပင်များ အောင်မြင်ဖြစ်ထွန်း

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ဒေသခံများမှာ မိသားစု စားသုံးရန်နှင့် အပိုဝင်ငွေ ရရှိစေရန် မိုးရာသီကာလ၌ ဂေါ်ရခါးပင်များကို စင်ထိုးပြီး တစ်နိုင်တစ်ပိုင် စိုက်ပျိုးထားကြရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိနေကြောင်း သိရသည်။

ကျုံဒိုးမြို့တွင် ရေဘေး‌သင့်အိမ်ထောင်စုများအား ဆန်နှင့်စားသုံးဆီများ ထောက်ပံ့ပေးအပ်

ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့တွင် မိုးအဆက်မပြတ် ရွာသွန်းပြီး ဟောင်သရောမြစ်ရေ လျှံတက်လာမှုကြောင့် ရေဘေးရှောင် အိမ်ထောင်စုများအတွက် ကော့ကရိတ်မြို့ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဆန်နှင့် စားသုံးဆီများ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ဧရာဝတီမြစ်ရေကျဆင်းချိန် မြန်အောင်တာမိုင် ၆/၃နှင့်၆/၄ အကြား ကမ်းပြိုမှုများဖြစ်ပေါ်

ဧရာဝတီမြစ်ရေကျဆင်းချိန် မြန်အောင်ခရိုင်၊ မြန်အောင်မြို့ အမှတ်(၁)ရပ်ကွက်၊ မြန်အောင် တာမိုင် ၆/၃ နှင့် ၆/၄ အကြား၌ ယမန်နေ့က အလျား ပေ ၁၀၀ ခန့် အနံ ၃ ပေခန့် ကမ်းပြိုမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
Subscribe to