မော်လိုက်မြို့၌ လူငယ်နှင့်မူးယစ်ဆေးအန္တရာယ် အသိပညာပေး ဟောပြောပွဲကျင်းပ
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်၊ မော်လိုက်မြို့၌ ကျောင်းသား/ကျောင်းသူများ မူးယစ်ဆေးဝါးအန္တရာယ်မှ ကင်းဝေးကြစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှ ကြီးမှူးကျင်းပသော လူငယ်နှင့်မူးယစ်ဆေးအန္တရာယ် အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ(၁) နာရီအချိန်က မိုးကောင်းကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။