မြို့သစ် ဇူလိုင် ၃၀
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် ၂၀၂၄/၂၀၂၅ ခုနှစ်၊ မိုးစပါးစိုက်ပျိုးရန် လျာထားဧက (၆၄၁၁၂) စိုကိပျိုးရန်လျာထားခဲ့ပြီး ယနေ့အထိ (၂၃၂၁၅) ဧကကျော်စိုက်ပျိုးပြီးစီးခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။
မိုးစပါးကို ဇွန်လဆန်းပိုင်းမှ စတင်စိုက်ပျိုးခဲ့ကြပြီး လျာထားချက်ပြည့်မီအောင် စိုက်ပျိုးနိုင်ရေးအတွက် ဒေသခံစိုက်ပျိုးရေးတောင်သူများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက မျိုးစေ့ချကိရိယာဖြင့်လည်းကောင်း၊ စက်မှုလယ်ယာဦးစီးဌာနက ကောက်စိုက်စက်ဖြင့်လည်းကောင်း ကူညီစိုက်ပျိုးပေးလျက်ရှိသည်။
၂၀၂၄/၂၀၂၅-ခုနှစ်၊ မိုးစပါးစိုက်ပျိုးခြင်းကို ရေမြေသဘာဝအလိုက် (၂၃၂၁၅) ဧကကျော်ကို စိုက်စနစ်များအလိုက် စိုက်ပျိုးပြီးစီးခဲ့ကြောင်း၊ စပါးမျိုးများမှာ ဆင်းသုခ၊ ရတနာတိုး၊ ရက်ကိုးဆယ်၊ ဗီယက်နန်၊ ထိုင်းနှံကောက်၊ YSR-1 စပါးမျိုးတို့ဖြစ်ကြောင်း သိရသည်။
သန်းဝင်းထွန်း (ပြန်ဆက်)