စဉ့်ကိုင် ဇူလိုင် ၃၀
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ခုနှစ်၊ မိုးစပါး၊ ဆီထွက် သီးနှံများနှင့် ဝါသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး မျိုးစေ့နှင့် သွင်းအားစုများ (အခမဲ့) ထောက်ပံ့ ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ (ကိုယ်စား) ယာယီမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်လင်း၊ ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးချစ်ဆွေဦးနှင့် ခရိုင်စိုက်ညှိ အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသန်းဇော်နှင့် မြို့နယ်စိုက်ညှိအဖွဲ့ဝင်များ၊ စိုက်ပျိုးရေး၀န်ထမ်းများနှင့် တောင်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ (ကိုယ်စား) ယာယီမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်လင်းက အဖွင့်အမှာစကား ပြောကြားပြီး စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသန်းဇော်မှ မိုးစပါး၊ ဆီထွက်သီနှံများနှင့် ဝါသီးနှံများ ပန်းတိုင်အထွက်နှုန်း ရရှိရေး (မျိုးစေ့နှင့် သွင်းအားစု) ထောက်ပံ့ပေးအပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ တအုံကျေးရွာအုပ်စု၊ တောမကျေးရွာအုပ်စုနှင့် အုန်းပင်ခြံကျေးရွာအုပ်စုရှိ စပါးစိုက် တောင်သူများ၊ တောမကျေးရွာအုပ်စု၊ တအုံကျေးရွာအုပ်စုနှင့် မုန်ပင်ကျေးရွာအုပ်စုရှိ နေကြာစိုက် တောင်သူများ၊ မီးသွေးဘုတ်ကျေးရွာအုပ်စုနှင့် ဒေါင့်ကြီးကွေ့ကျေးရွာအုပ်စုရှိ ဝါစိုက်တောင်သူများ အား တာ၀န်ရှိသူအသီးသီးက (မျိုးစေ့နှင့်သွင်းအားစု)များ ထောက်ပံ့ပေးအပ်ခဲ့ပြီး တောင်သူများကိုယ်စား ဝါစိုက်တောင်သူ ဦးကိုကိုချစ်မှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြကြောင်း သိရသည်။
ကျော်စွာ(စဉ့်ကိုင်)