ပြင်ဦးလွင်မြို့တွင် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းအမှတ်စဉ် (၃/၂၀၂၄-၂၀၂၅)ဖွင့်ပွဲ အခမ်းအနားကျင်းပ

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုး၏ လမ်းညွှန်ချက်ဖြင့် ပြင်ဦးလွင်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနကကြီးမှူး၍ လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းကို ယမန်နေ့နံနက်  ၁၀ နာရီက သင်တန်းသား/သူ၂၀ ဦးဖြင့် ပြင်ဦးလွင်မြို့နယ် ကြီးကိုင်ကျေးရွာတွင်ဖွင့်လှစ်ခဲ့သည်။

မိုင်းယောင်းမြို့နယ်တွင် ရေဘေးအန္တရာယ်ဆိုင်ရာအသိပညာပေး Talk Show ကျင်းပ

မိုင်းယောင်းမြို့နယ်တွင် ရေဘေးအန္တရာယ်ဆိုင်ရာအသိပညာပေး Talk Show ကျင်းပ မိုင်းယောင်း ဩဂုတ် ၂ ဝေဝေခိုင် (ပြန်/ဆက်)

ညောင်ဦးမြို့တွင် ကျောင်းသား၊ကျောင်းသူများ အသိပညာပြန့်ပွားရေးအတွက် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်ကွင်းဆင်းဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ အသိပညာပြန့်ပွားရေးနှင့် စာဖတ်သည့်အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်၍ ယမန်နေ့နံနက် ၉ နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း(ညောင်ဦး) သို့ သွားရောက်၍ နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်ပြပွဲနှင့် အသိပညာပေးဟောပြောပွဲကို ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

အိမ်မဲမြို့နယ်တွင် (Youth Club) အဖွဲ့ စာဖတ်ဝိုင်းကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် Youth Club အဖွဲ့မှ  ဆရာချစ်နိုင်(စိတ်ပညာ)၏ ခေါင်းဆောင်မှုစာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့ နံနက် (၁၁) နာရီတွင် ကျင်းပသည်။

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန် မင်းလှမြို့၌ မူလမြစ်ရေတင် ရေစက်ရုံအမှတ် (၁) ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ရေစစ်ကန်တည်‌‌ဆောက်မည့်မြေနေရာနှင့် နန္ဒဝန်ပန်းခြံတွင် ဆက်လက်ဆောင်ရွက်လုပ်ငန်းများအား ကြည့်ရှုစစ်ဆေး

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်နှင့် တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့မှ ညွှန်ကြား‌ရေးမှူး ဦးထင်‌အောင်တို့သည် မင်းလှမြို့၌ မူလမြစ်ရေတင် ရေစက်ရုံအမှတ် (၁)‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ ရေစစ်ကန်တည်‌‌ဆောက်မည့် မြို့နယ်ခန်းမဝန်းအတွင်းရှိမြေနေရာနှင့် နန္ဒဝန်ပန်းခြံတွင် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများကို ယမန်နေ့ မွန်းတည့် (၁၂)နာရီကကြည့်ရှုစစ်ဆေးခဲ့သည်။

ဒေးဒရဲမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး ဌာနဆိုင်ရာရုံးများအရောက် မိုဘိုင်းစနစ်ဖြင့် စာအုပ်များ ငှားရမ်းပေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြည်သူများ စာဖတ်ရှိန်မြှင့်တင်စေရန်နှင့် စာပေမှရရှိသည့် ဗဟုသုတများ တိုးပွားစေရေး၊ အလုပ်တာဝန်များကြောင့် စာကြည့်တိုက်သို့ စာအုပ်စာစောင်များ လာရောက်မငှားရမ်းနိုင်သော ဝန်ထမ်းများအား ဌာနဆိုင်ရာရုံးများအရောက် မိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယမန်နေ့နံနက်(၁၀)နာရီက မီးသတ်ဦးစီးဌာနရုံးသို့ သွားရောက် ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
Subscribe to