မောက်မယ်မြို့နယ်၌ ၂၀၂၄ ခုနှစ် မိုးစပါးစိုက်ပျိုးချိန်တွင် လုပ်ငန်းခွင်ဝင်ရောက်သူများပြား

မောက်မယ် သြဂုတ် ၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ ၂၀၂၄ ခုနှစ် မိုးစပါးစိုက်ပျိုးချိန်ကာလတွင် လယ်ယာစိုက်ပျိုးခြင်း၊ တောင်ယာစိုက်ပျိုးခြင်းလုပ်ငန်းများဖြင့် စိုက်ပျိုးရေးကို အခြေခံသည့် ဒေသတစ်ခုဖြစ်ရာ  နေ့စားအလုပ်သမားများ တွက်ခြေကိုက်နေကြောင်း လယ်စိုက်တောင်သူများ ထံမှသိရသည်။

ယခုနှစ် မိုးရာသီစပါးစိုက်ပျိုးချိန်တွင် စက်သုံးဆီနှင့်ဓာတ်မြေသြဇာ စျေးနှုန်းများမြင့်မားနေသည် ကတစ်ကြောင်း၊ လယ်ယာမြေတစ်ချို့မှာ စိုက်ပျိုးပြီးစီးနေပြီဖြစ်သော်လည်း တစ်ချို့တောင်သူများ၏ လယ်ယာမြေများမှာ စိုက်ပျိုးနေဆဲဖြစ်ပြီး စိုက်ပျိုးရန်ကျန်ရှိသော လယ်ယာမြေအနည်းငယ်သာရှိတော့ကြောင်း၊ တောင်သူအများစုမှာ ခေတ်မီလယ်ယာသုံးစက်ကိရိယာများ ပိုင်ဆိုင်သုံးစွဲနိုင်ခြင်း မရှိသေးသဖြင့် ငှားရမ်းသုံးစွဲနေရ၍ အချိန်ကြန့်ကြာခြင်း အလုပ်သမားနေ့စား အငှားခလည်း ယခင်နှစ်များတွင် (၈) နာရီတစ်ရက်လျှင် (၁၀၀၀၀) ကျပ်ငှားရပြီး ယခုနှစ်တွင် အလုပ်သမားနေ့စား အငှားခသည် နာရီဖြင့် နေ့စားလိုက်ကြသည့် အလုပ်သမားများဖြစ်ရာ တစ်နာရီလျင် (၂၀၀၀) ကျပ်နှုန်းဖြင့် ကောက်စိုက်သမ နေ့စားအလုပ်သမားအနေဖြင့် ဝင်ရောက်အငှားလိုက်ကြပြီး အလုပ်လုပ်ကြကြောင်း လယ်စိုက်တောင်သူများထံမှ သိရသည်။

မောက်မယ်မြို့နယ်အတွင်း၌ လယ်စပါး၊ တောင်ယာစပါး၊ ပဲပုတ်၊ မြေပဲ၊ နှမ်း၊ ပြောင်း၊ ပဲဒီစိမ်း၊ ပဲစင်းငုံ စသည့်သီးနှံများ စိုက်ပျိုးလုပ်ကိုင်ကြပြီး ဥယျာဉ်ခြံများတွင် လျှောက်ချိုသီး၊ လိမ္မော်သီး၊ သရက်၊ လိုင်ချီးသီး၊ သံပုရာသီး စသည့်သီးနှံများလည်း စိုက်ပျိုးကြကြောင်း တောင်သူများ ထံမှသည်။

စိုင်းမျိုးသန့်(မောက်မယ်)