တောင်ငူ သြဂုတ် ၂
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူတက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမ၌ အမှတ်(၁၂)ယာဥ်ထိန်းရဲတပ်ဖွဲ့စု(တောင်ငူ)၊ အမှတ်(၃၆)မူးယစ်တပ်ဖွဲ့စု(တောင်ငူ)တို့နှင့်ပူးပေါင်း၍ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက ကျင်းပသည်။
ရှေးဦးစွာ တောင်ငူတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာမြတ်ညွန့်က အဖွင့်အမှာစကားပြောကြားပြီး အမှတ်(၁၂)ယာဥ်ထိန်းရဲတပ်ဖွဲ့စု(တောင်ငူ)မှ တပ်စုမှူးဒုတိယရဲမှူးစန်းယုနိုင်က ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းများကို အသိပညာပေးဟောပြောဆွေးနွေးသည်။ ထို့နောက် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ ၊ အမှတ်(၃၆)မူးယစ်တပ်ဖွဲ့စု(တောင်ငူ)မှ ရဲအုပ်ဇော်မင်းအေးက မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း အသိပညာပေးဟောပြောဆွေးနွေးသည်။
အဆိုပါအခမ်းအနားသို့ တောင်ငူတက္ကသိုလ်မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများနှင့်ကျောင်းသားကျောင်းသူများ၊ အမှတ်(၁၂)ယာဥ်ထိန်းရဲတပ်ဖွဲ့စု (တောင်ငူ)မှ တာဝန်ရှိသူများ၊ အမှတ်(၃၆)မူးယစ်တပ်ဖွဲ့စု(တောင်ငူ)မှ တာဝန်ရှိသူများ စုစုပေါင်း(၄၀၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)