ဘိုကလေးပညာရေးဒီဂရီကောလိပ်တွင် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး အသိပညာပေးဟောပြောပွဲကျင်းပ

ဘိုကလေး ဩဂုတ် ၂

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်ရှိ ဘိုကလေးပညာရေးဒီဂရီကောလိပ်တွင် ယနေ့နံနက်(၉)နာရီ အချိန်၌ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး အသိပညာပေးဟောပြောပွဲ ကျင်းပဆောင်ရွက်သည်။

အဆိုပါ ဟောပြောပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဦးကံဝင်းနှင့် အဖွဲ့ဝင်များ၊ ဖျာပုံခရိုင်၊ ယာဉ်ထိန်းတပ်ဖွဲ့စု(၈၀)မှတာဝန်ရှိသူများ၊ ဘိုကလေး ပညာရေးဒီဂရီကောလိပ်၊ ဒုတိယကျောင်းအုပ်ကြီးနှင့်ပါမောက္ခများ၊ နည်းပြများ၊ သင်တန်းသား၊ သင်တန်းသူများ အင်အား(၃၀၀)ကျော်တက်ရောက်ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဦးကံဝင်းက မိမိတို့မြို့နယ် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစေရေးအတွက် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးအဖွဲ့ ဖွဲ့စည်းကာ ယာဉ်မတော်တဆမှုများ ကင်းရှင်းရေးလုပ်ငန်းစဉ်များ ဆောင်ရွက်နေပါကြောင်း၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းစေရေး အသိပညာများ ပြန့်ပွားစေရေးအတွက် ယခုကဲ့သို့ဟောပြာပွဲများ စီစဉ်ဆောင်ရွက်ရခြင်းဖြစ်ပါကြောင်း အဖွင့်အမှာစကားပြောကြားသည်။

ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အတွင်းရေးမှူး၊ ရဲမှူးစိန်လွင်အောင်က (၂၀၂၅)ခုနှစ် မော်တော်ယာဉ်၊ ဥပဒေနှင့်အတူ ယာဉ်မောင်းသူများ၊ လိုက်ပါစီးနင်းသူများ လိုက်နာဆောင်ရွက်ရမည့်ကိစ္စရပ်များ၊ ဖျာပုံခရိုင်၊ ယာဉ်ထိန်းတပ်ဖွဲ့စု(၈၀)မှ ဒုရဲအုပ်ဝိုင်းအုံချစ်က ယာဉ်မတော်တဆဖြစ်ပွားရသည့် အကြောင်းအရင်းများ၊ ယာဉ်တိုက်မှု အများဆုံး ကျူးလွန်သည့် အသက်အပိုင်းအခြားများ၊ နှစ်အလိုက်ယာဉ်တိုက်မှုဖြစ်ပွားသည့် အခြေအနေများ၊ ယာဉ်တိုက်မှုဖြစ်ပွားရသည့် အကြောင်းအရင်းများအပေါ် ခြုံငုံသုံးသပ် ချက်များအား ကျယ်ပြန့်စွာ ရှင်းလင်း အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။

မိုးစက်(ဘိုကလေး)