အမရပူရ သြဂုတ် ၇
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၌ ပြည်သူများ၏ လူမှုစီးပွားရေးဆိုင်ရာ ကိစ္စရပ်များဆောင်ရွက်ရာတွင် ပိုမိုလွယ်ကူမြန်ဆန်လာစေရန်၊ မြန်မာနိုင်ငံအတွင်း နေထိုင်သူများကို စိစစ်နိုင်သည့်တစ်ခုတည်းသော နံပါတ် Unique ID ထုတ်ပေးရန်နှင့် Online စနစ်ဖြင့် ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်နေသည့် အစိုးရနှင့်ပုဂ္ဂလိကအဖွဲ့အစည်းများအတွက် မည်သူမည်ဝါဖြစ်ကြောင်း စစ်ဆေးနိုင်မည့် အခြေခံစနစ် တည်ဆောက်ရန်ရည်ရွယ်၍ ဇီဝဆိုင်ရာ အချက်အလက်ကောက်ယူခြင်းနှင့် Unique ID(Biometric) ထုတ်ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် ၉ နာရီအချိန်က တမုတ်ဆိုးကျေးရွာအုပ်စု၊ တမုတ်ဆိုးကျေးရွာတွင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အလားတူ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသိကောင်းစရာ ဟောပြောပွဲကို အမရပူရမြို့နယ်၊ တမုတ်ဆိုးအုပ်စု၊ မိုင်လေးဆယ်ရွာ၊ မြတ်ဓမ္မဂုဏ်ရည်ဓမ္မာရုံတွင် အမရပူရမြို့နယ်မှူး ဦးတင်ကိုကိုဝင်းမှ ယမန်နေ့ ၁၀ နာရီခွဲအချိန်က ဟောပြောခဲ့ပြီး သန်းခေါင်စာရင်းဆိုင်ရာ လက်ကမ်းစာစောင်များကို ပြည်သူများကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရန် ရည်ရွယ်၍ ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
ထို့အတူအမရပူရမြို့နယ်၊ တမုတ်ဆိုးအုပ်စု၊ ဂျိုရွာအထက်တန်းကျောင်းတွင်လည်း လဝကမှူး ဒေါ်ခင်ခင်စန်း ဦးဆောင်၍ ပန်းခင်းစီမံချက် အဆင့်(၃) ဖြင့်လည်းကောင်း၊ အမရပူရမြို့နယ်၊ နတ်ရေကန်ကျေးရွာအုပ်စုရှိ ယန္တရားအထက်တန်းကျောင်းတွင် လဝကမှူးဒေါ်ခင်လှ ဦးဆောင်၍ လည်းကောင်း၊ ပန်းခင်းစီမံချက် အဆင့်(၃) ဖြင့် အသီးသီးကွင်းဆင်းဆောင်ရွက်ခဲ့ကြရာ နှစ်ကျောင်းပေါင်း ကျား(၁၇၃) ဦး၊မ(၁၉၀) ဦး စုစုပေါင်း ၃၆၃ ဦးကိုဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ အမရပူရမြို့နယ်ဦးစီးမှူး ဦးတင်ကိုကိုဝင်း ထံမှသိရသည်။
စိုးသီဟ(အမရ)