ဘားအံတက္ကသိုလ်၌ MSME အထောက်အကူပြုအသုံးချပညာရပ်များကို (၁၀)ရက်ကြာအလုပ်ရုံဆွေးနွေးပွဲကျင်းပ

ဘားအံတက္ကသိုလ်တွင် တက်ရောက်ပညာသင်ကြားပြီး စတုတ္ထနှစ်ပြီးမြောက်၍ သက်ဆိုင်ရာဘွဲ့အသီးသီးကို ရရှိပြီးသော  ကျောင်းသား၊ကျောင်းသူများသည် အသုံးချပညာရပ်တစ်ခုကို ကျွမ်းကျင်စွာတတ်မြောက်သွားပြီး လုပ်ငန်းရှင်များအဖြစ်လည်းကောင်း၊ အခြားသောလုပ်ငန်းခွင်များတွင် ကျွမ်းကျင်သူများအဖြစ်လည်းကောင်း၊ အသေးစား၊ အလတ်စား၊ အငယ်စားစီးပွားရေးလုပ်ငန်းများ တွင် ဦးဆောင်သူများအဖြစ် ပါဝင်ဆောင်ရွက်နိုင်ရန် ယမန်နေ့နံနက်ပိုင်းက ဘားအံတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် MSME အထောက်အကူပြု အသုံးချပညာရပ်များ အလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲ အခမ်းအနားကို ကျင်းပခဲ့သည်။

မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ် (MUFL)တွင် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အထိမ်းအမှတ် အင်္ဂလိပ်စကားပြောစွမ်းရည်ပြိုင်ပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှု၊ မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ်မှစီစဉ် ဆောင်ရွက်မှုဖြင့် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အထိမ်းအမှတ် အင်္ဂလိပ်စကားပြောစွမ်းရည်ပြိုင်ပွဲ(Impromptu Talk) အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ် (MUFL)ရှိ သီရိ ရတနာခန်းမ၌ကျင်းပရာပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ (ဌာနမှူး) များ၊ စီမံအရာရှိများ၊ ကြီးကြပ်သူများနှင့် ဆရာ၊ ဆရာမများ၊ တိုင်းဒေသကြီးအတွင်းရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ် ၁၂ ခုမှ ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူ ၁၂ ဦးနှင့် မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ်ဘာသာရပ်အသီးသီးမှ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် (၁၃) ကြိမ်မြောက် တိုင်းရင်းဆေးသုတေသနစာတမ်းဖတ်ပွဲဖွင့်ပွဲနှင့် MIIT သစ်ပင်စိုက်ပျိုးပွဲအခမ်းအနားသို့ တက်ရောက်

ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ (၁၃)ကြိမ်မြောက် တိုင်းရင်းဆေးသုတေသနစာတမ်းဖတ်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက တိုင်းရင်းဆေးတက္ကသိုလ် (မန္တလေး) ဘွဲ့နှင်းသဘင်ခန်းမ၌ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီး ချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ပါမောက္ခဒေါက်တာအေးထွန်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ပါမောက္ခချုပ်များ၊ ဂုဏ်ထူးဆောင်ပါမောက္ခများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီ၊ တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ အကြံပေးအဖွဲ့နှင့် မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာအသင်း၊ မြန်မာနိုင်ငံ တိုင်းရင်း ဆေးဝါးထုတ်လုပ်သူများနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းများမှဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ပြည်နယ်/တိုင်းဒေသကြီးများမှ ကိုယ်စားလှယ်များ၊ စာတမ်းရှင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များတက်ရောက်ကြသည်။

နည်းပညာတက္ကသိုလ်(ကျောက်ဆည်)တွင် ကိုယ်လုံပညာသင်တန်းဖွင့်လှစ်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့မှ ကြီးမှူး၍ ယမန်နေ့နံနက်(၁၀)နာရီက နည်းပညာတက္ကသိုလ် (ကျောက်ဆည်) အောင်ဆန်းခန်းမတွင် ကိုယ်လုံပညာသင်တန်းဖွင့်ခဲ့ကြောင်း သိရသည်။

ဒေးဒရဲမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးစေရေး လူငယ်စကားဝိုင်းဆွေးနွေးပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူပေါင်း၍ မြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများဗလငါးတန်ပြည့်စုံပြီး အသိပညာဗဟုသုတများတိုးပွားစေရန်၊ နှုတ်မှုစွမ်းရည်များ ထက်မြက်လာစေရန်၊ စဥ်းစားတွေးခေါ်မှုစွမ်းရည်များ ရင့်သန်လာစေရန်နှင့် ကိုယ်ကျင့်တရားကောင်းမွန်သည့် လူတော်၊ လူကောင်းများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် (၁၁) နာရီက ပျဉ်ထောင်စုကျေးရွာ အခြေခံပညာအထက်တန်းကျောင်း (ခွဲ) ရှိ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ဟင်္သာတမြို့နယ်တွင် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းဆောင်ရွက်

ဟင်္သာတမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် သြဂုတ်လ ၆ ရက်နေ့က ခရိုင်ပြန်/ဆက် ဦးစီးမှူးဒေါ်ခင်စန္ဒာဆွေနှင့် ခရိုင်ဦးစီးအရာရှိ ဒေါ်အေးအေးမာ၊ မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးနှင့် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်အိအိခင်တို့က ဒူးယားကျေးရွာ "သုတရွှေကြယ်စင်စာကြည့်တိုက်"နှင့် မွှေးလုံးကျေးရွာအုပ်စုရှိ "ရတနာပျိုးခင်း" စာကြည့်တိုက်များသို့ကွင်းဆင်း၍ စာကြည့်တိုက်ကော်မတီဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံခဲ့ပါသည်။ ယင်းသို့ တွေ့ဆုံရာတွင် စာကြည့်တိုက်များ ပုံမှန်ဖွင့်လှစ်နိုင်ရေး၊ စာအုပ်စာစောင်များ စနစ်တကျ စာရင်းရေးသွင်းခြင်း၊ စာငှားသူ စာဖတ်သူများနှင့် သက်ဝင်လှုပ်ရှားမှုရှိစေရန် ဆောင်ရွက်မည့် လုပ်ငန်းစဥ်များနှင့်စပ်လျဥ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပြီး ဒူးယားကျေးရွာ "သုတရွှေကြယ်စင်"စာကြည့်တိုက်တွင် စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းများဆောင်ရွက်ပေးခဲ့ပါသည်။ အဆိုပါ စာဖတ်ဝိုင်းတွင် ခရိုင်ပြန်/ဆက်ဦးစီးဌာနမှ ကလေးများအတွက် ရုပ်ပြစာအုပ်များနှင့် မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးနှင့် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်အိအိခင်နှင့် အဖွဲ့ဝင်များက ကျောင်းသုံးဗလာစာအုပ်များနှင့် ဘောပင်များအား ဂုဏ်ပြုလက်ဆောင် ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ပုသိမ်မြို့တွင် အိမ်တွင်းလျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်းသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် အိမ်တွင်းလျှပ်စစ်သွယ်တန်း တပ်ဆင်ခြင်းသင်တန်း ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း (ပုသိမ်) ၌ ကျင်းပပြုလုပ်ခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အထိမ်းအမှတ် စာစီစာကုံးရေးသားခြင်းနှင့်စကားရည်လုပြိုင်ပွဲများ ကြည့်ရှုအားပေး

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများလိုက်ပါလျက် သြဂုတ်လ ၇ ရက်၊ နံနက်ပိုင်းတွင် မုံရွာတက္ကသိုလ်ရှိ စိတ်ပညာစာသင်ဆောင်တွင် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အထိမ်းအမှတ် မုံရွာမြို့ပေါ်ရှိ တက္ကသိုလ်/ဒီဂရီကောလိပ်များ၊ ဌာနဆိုင်ရာများ၊ သူနာပြုသားဖွားသင်တန်းကျောင်း(မုံရွာ)နှင့် အခြေခံပညာကျောင်းများမှ ကျောင်း သား၊သူများ စာစီစာကုံးရေးသား ယှဉ်ပြိုင်နေမှုများအား လိုက်လံကြည့်ရှုအားပေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေးအမှတ်စဉ် (၇/၂၀၂၄) တက်ရောက်

စစ်ကိုင်းတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေး အမှတ်စဉ် (၇/၂၀၂၄) ကို သြဂုတ်လ ၇ ရက်၊ မွန်းလွဲပိုင်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင်ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ရင်းနှီးမြုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး ရင်းနှီးမြုပ်နှံမှုကော်မတီ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။

ဟင်္သာတမြို့နယ် ဖောင်ဆိပ်ကျေးရွာ၌ မြစ်ရေတိုက်စားမူကြောင့် မြစ်ကမ်းပြိုမှုဖြစ်ပွား

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ်တွင် ယနေ့နံနက်ပိုင်းက မြစ်ရေတိုက်စားမှုကြောင့် အိပ်ပျက်အုပ်စု ဖောင်ဆိပ်ကျေးရွာတွင် ဖြတ်တာ ၁ (ခ) နေရာ၌ တာထိပ်အကျယ် (၁၀) ပေခန့် ပြိုကျပျက်စီးခဲ့ပြီး တာထိပ်အကျယ် (၄) ပေခန့်သာ ကျန်ရှိခဲ့သည်။
Subscribe to