ကော့သောင်းမြို့တွင် ရှေ့တန်းရောက်တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ကော့သောင်းခရိုင်/မြို့နယ်ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများမှ စားသောက်ဖွယ်ရာများ မေတ္တာဖြင့် ပေးအပ်ခြင်း အခမ်းအနားပြုလုပ်

ကော့သောင်း ဩဂုတ် ၇

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ရှေ့တန်းရောက်တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ကော့သောင်းခရိုင်/မြို့နယ်ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများမှ စားသောက်ဖွယ်ရာများ မေတ္တာဖြင့်ပေးအပ်ခြင်း အခမ်း အနားကို ယနေ့နံနက်(၁၁)နာရီတွင် ကော့သောင်းမြို့၊မဉ္ဇူသကခန်းမတွင်ကျင်းပခဲ့ရာ အခမ်းအနားသို့ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးဦးခင်‌မောင်ချို၊ စစ်ဗျူဟာအဖွဲ့(အခြေချ) ကော့သောင်းမှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး တင်မောင်ကျော်၊ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာများတက်ရောက်ခဲ့ကြသည်။

အဆိုပါ အခမ်းအနားတွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး ဦးခင်မောင်ချိုနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုး‌အောင်တို့က ကော့သောင်းခရိုင်အဆင့် ဌာနဆိုင်ရာများမှ မေတ္တာဖြင့်ပေးပို့သော ‌စားသောက်ဖွယ်ရာ ပစ္စည်းများအားလည်း‌ကောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးအောင်ချိုက မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ မေတ္တာဖြင့်ပေးပို့သော ‌စားသောက်ဖွယ်ရာပစ္စည်းများအားပေးအပ်ခဲ့ရာ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးတင်မောင်ကျော်က လက်ခံရယူခဲ့ပြီးဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။

ယင်းနောက် ရွှေပြည်သာရပ်ကွက်၊ ပုလုံးတုံတုံးကျေးရွာအုပ်ချုပ်ရေးမှူးများမှ မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာနေပြည်သူများမှမေတ္တာဖြင့်ပေးပို့သော စားသောက်ဖွယ်ရာပစ္စည်းများအားလည်းကောင်း၊ မြို့နယ်ကုန်သည်ကြီးများအသင်း‌‌နှင့် ဒေသခံလုပ်ငန်းရှင်များကိုယ်စား ပြည်သူတစ်ဦးမှ စားသောက်ဖွယ်ရာပစ္စည်းများပေးအပ်ခဲ့ရာ ခမရ(၃၄၂)မှဗိုလ်မှူးအောင်ကျော်စိုး က လက်ခံရယူခဲ့သည်။

ထို့နောက် ဗိုလ်မှူးကြီးတင်မောင်ကျော်က ရှေ့တန်းရောက်တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ကော့သောင်းခရိုင်/မြို့နယ်နှင့်ဒေသခံပြည်သူများမှ စားသောက်ဖွယ်ရာများ‌ မေတ္တာဖြင့်ပေးအပ်ခြင်းအတွက် ကျေးဇူတင်စကားပြောကြားကာအခမ်းအနားအား ရုပ်သိမ်းခဲ့သည်။

ရှေ့တန်းရောက်တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ပေးအပ်ခဲ့သော စားသောက်ဖွယ်ပစ္စည်းများမှာ ငပိ၊ ငါးခြောက် ဘာလချောင်ကြော်၊ ပုစွန်ခြောက်ငံပြာရည်ချက် (၂၉၀၀)ဘူး၊ ငါးသေတ္တာ (၂၀၀၀)ဘူး၊ ခေါက်ဆွဲခြောက် (တစ်ခါစားအထုပ်သေး) (၆၀၀) ထုပ်တို့ဖြစ်ပြီး စုစုပေါင်းတန်ဖိုးငွေကျပ်တစ်ရာတစ်ဆယ့်တစ်သိန်းရှစ်သောင်းသုံးထောင်၊ ကျပ် (၁၁၁၈၃၀၀၀/)ကျပ်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)