တောင်ကြီး သြဂုတ် ၇
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် တာဝန်ရှိသူများက ယနေ့နံနက် (၉)နာရီက တောင်ကြီးမြို့ ပညာဗောဓိကျောင်းတိုက်နှင့် တပ်ဦးဥတ္တရာရုံ ပရိယတ္တိစာသင်တိုက်သို့ ဆွမ်းဆန်တော်များနှင့် စားသုံးဆီများ၊ နဝကမ္မအလှူတော်ငွေများ ဆက်ကပ်လှူဒါန်းပေးကြသည်။
ဆွမ်းဆန်တော်နှင့် စားသုံးဆီများ ဆက်ကပ်ရာတွင် နမောတဿ သုံးကြိမ်ရွက်ဆို ဘုရားကန်တော့ပြီး တောင်ကြီးမြို့၊ ပညာဗောဓိကျောင်းတိုက် ဦးစီးပဓာနနာယကဆရာတော် ဘဒ္ဒန္တဥတ္တမထံ ငါးပါးသီလခံယူဆောက်တည်၍ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်တို့က ဆွမ်းဆန်တော်၊ စားသုံးဆီနှင့် နဝကမ္မအလှူတော်ငွေများ ဆက်ကပ်လှူဒါန်းပေးကြပြီး ဆရာတော်ကြီးထံ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေကာ အခမ်းအနားကို "ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု" သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်းခဲ့ကြကြောင်း သိရသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် တာဝန်ရှိသူများသည် တောင်ကြီးမြို့ တပ်ဦးဥတ္တရာရုံ ပရိယတ္တိစာသင်တိုက် မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ တပ်ဦးဥတ္တရာရုံ ပရိယတ္တိစာသင်တိုက်ဦးစီးပဓာနနာယကဆရာတော် ဘဒ္ဒန္တစာရိန္ဒထံ ဝါဆိုသင်္ကန်း၊ ဆွမ်းဆန်တော်အိတ်များ၊ စားသုံးဆီနှင့် နဝကမ္မအလှူတော်ငွေများ ဆက်ကပ်လှူဒါန်းပေးကြပြီး ဆရာတော်ကြီးနှင့် ရဟန်းသံဃာတော်များက မေတ္တာသုတ်ရွတ်ပွားပေး၍ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေကာ အခမ်းအနားကို "ဗုဒ္ဓသာသနံစိရံတိဋ္ဌတု" သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ ရုပ်သိမ်းလိုက်ကြောင်း သိရှိရသည်။
မောင်မောင်သန်း(တောင်ကြီး)