ပုသိမ် ဩဂုတ် ၈
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် အိမ်တွင်းလျှပ်စစ်သွယ်တန်း တပ်ဆင်ခြင်းသင်တန်း ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း (ပုသိမ်) ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးက နိုင်ငံတွင် လိုအပ်နေသည့်ကျွမ်းကျင်လုပ်သားဖြည့်ဆည်းပေးနိုင်ရန်၊ အလုပ်အကိုင်အခွင့်အလမ်းများရရှိပြီး မိသားစု စားဝတ်နေရေးအဆင်ပြေစေရန်အတွက် သင်တန်းဖွင့်လှစ် သင်ကြားပေးခြင်းဖြစ်ကြောင်း၊ သင်တန်းသားများအနေဖြင့် ပို့ချပေးတဲ့ စာတွေ့အသိပညာဗဟုသုတတွေ၊ သီအိုရီတွေနဲ့ လက်တွေ့လုပ်ကိုင်မှုနည်းစနစ်တွေကို စနစ်တကျလေ့လာမှတ်သားပြီး မိမိတို့ရဲ့လုပ်ငန်းခွင်မှာ အကျိုးရှိထိရောက်စွာအသုံးချပြီး ကျွမ်းကျင်လုပ်သားများအဖြစ် မိမိနိုင်ငံ၊ မိမိလူမျိုးနဲ့ မိသားစုတွေကို အကျိုးပြုနိုင်တဲ့သူတွေဖြစ်အောင် ကြိုးစားကြစေလိုကြောင်း ပြောကြားခဲ့သည်။
အိမ်တွင်းလျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်း သင်တန်းသို့ သင်တန်းသား (၂၀) ဦးတက်ရောက် ခဲ့ပြီး (၇.၈.၂၀၂၄) ရက်နေ့မှ (၃.၉.၂၀၂၄)ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)