ဟင်္သာတမြို့နယ် ဖောင်ဆိပ်ကျေးရွာ၌ မြစ်ရေတိုက်စားမူကြောင့် မြစ်ကမ်းပြိုမှုဖြစ်ပွား

ဟင်္သာတ သြဂုတ် ၇

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ်တွင် ယနေ့နံနက်ပိုင်းက မြစ်ရေတိုက်စားမှုကြောင့် အိပ်ပျက်အုပ်စု ဖောင်ဆိပ်ကျေးရွာတွင် ဖြတ်တာ ၁ (ခ) နေရာ၌ တာထိပ်အကျယ် (၁၀) ပေခန့် ပြိုကျပျက်စီးခဲ့ပြီး တာထိပ်အကျယ် (၄) ပေခန့်သာ ကျန်ရှိခဲ့သည်။

အဆိုပါနေရာသို့ ဟင်္သာတခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင့်စိုးသည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညွန့်ဆန်းထွန်း၊ ခရိုင်မြစ်ချောင်ဖြိုးဦးစီးမှူး ဦးမျိုးဝင်း၊ မြို့နယ်ဆည်မြောင်းဦးစီးမှူး ဦးငြိမ်းနိုင်စိုးတို့နှင့်အတူသွားရောက်၍ ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် တာထိပ်အကျယ် (၁၀) ပေခန့် ပြိုကျပျက်စီးခဲ့ပြီး တာထိပ်အကျယ် (၄) ပေခန့်သာ ကျန်ရှိနေမှုအားလည်းကောင်း၊ ဟင်္သာတ-ကမ်းနားတာ (၁၅) ပေခန့် ပြိုကျခဲ့ပြီး School Cum Shelter နှင့် အ.မ.က ဖောင်ဆိပ် စာသင်ကျောင်းအရှေ့ ပေ (၆၀) ခန့်သာ ကျန်ရှိမှုတို့အားလည်းကောင်း သွားရောက်ကြည့်ရှုစစ်ဆေး၍ တာဝန်ရှိသူများအား လိုအပ်သည်များ ကြိုတင်ပြင်ဆင်ဆောင်ရွက်နိုင်ရေးနှင့် ထူခြားမှုတစ်စုံတစ်ရာ ဖြစ်ပွားခဲ့ပါက အချိန်နှင့်တစ်ပြေးညီ တာဝန်ရှိသူများထံသို့ ဆက်လက်သတင်းပို့ တင်ပြဆောင်ရွက်နိုင်ရေးနှင့် လိုအပ်သည်များမှာကြားဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ခရိုင်ပြန်ဆက် (ဟင်္သာတ)