ကြံခင်းမြို့၌ အခြေခံပညာမူလတန်းကျောင်း(ကိုင်းသာ)တွင် စာဖတ်ရှိန်မြင့်တင်ရေး နယ်လှည့်ကွင်း ဆင်းဆောင်ရွက်
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်ရှိ အခြေခံပညာမူလတန်းကျောင်း (ကိုင်းသာ) တွင် စာဖတ်ရှိန်မြင့်တင်ရေး နယ်လှည့်ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးနှင့်ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက် ခဲ့သည်။