စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အထိမ်းအမှတ် စာစီစာကုံးရေးသားခြင်းနှင့်စကားရည်လုပြိုင်ပွဲများ ကြည့်ရှုအားပေး

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အထိမ်းအမှတ် စာစီစာကုံးရေးသားခြင်းနှင့်စကားရည်လုပြိုင်ပွဲများ ကြည့်ရှုအားပေး

မုံရွာ၊ သြဂုတ် ၈

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများလိုက်ပါလျက် သြဂုတ်လ ၇ ရက်၊ နံနက်ပိုင်းတွင် မုံရွာတက္ကသိုလ်ရှိ စိတ်ပညာစာသင်ဆောင်တွင် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အထိမ်းအမှတ် မုံရွာမြို့ပေါ်ရှိ တက္ကသိုလ်/ဒီဂရီကောလိပ်များ၊ ဌာနဆိုင်ရာများ၊ သူနာပြုသားဖွားသင်တန်းကျောင်း(မုံရွာ)နှင့် အခြေခံပညာကျောင်းများမှ ကျောင်း သား၊သူများ စာစီစာကုံးရေးသား ယှဉ်ပြိုင်နေမှုများအား လိုက်လံကြည့်ရှုအားပေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဆိုပါကျောင်းဝန်း အတွင်းရှိ ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အထိမ်းအမှတ် စကားရည်လုပြိုင်ပွဲ ယှဉ်ပြိုင်နေမှုများနှင့် မုံရွာတက္ကသိုလ်မှ ကျောင်းသူများက တေးသီချင်းများဖြင့် ကပြဖျော်ဖြေမှုတို့အား ကြည့်ရှုအားပေးကြပြီး တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးက ကပြဖျော်ဖြေသွားကြသော ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အခမ်းအနားသို့ တက်ရောက်လာကြသည့် ကျောင်းသား၊သူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြပြီး ကျောင်းသား၊ သူများအား လက်ဘက်ရည်နှင့်မုန့်များ ဝေငှပေးနေမှုများအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး (ပြန်/ဆက်)