မင်းတုန်းမြို့တွင် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များ လှုပ်ရှားမှုကျင်းပ

မင်းတုန်း ဩဂုတ် ၉

မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့၊ ပြည်သူ့ဆေးရုံတွင် ယမန်နေ့ နံနက် (၁၀) နာရီက အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များ လှုပ်ရှားမှုကျင်းပရာ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးကိုကိုခိုင်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။

ထို့နောက် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှုများနှင့်ပတ်သက်၍ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာထွန်းလင်းအောင်က အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ် လှုပ်ရှားမှုနှင့်ပတ်သက်၍ မွေးကင်းစကလေးများသေဆုံးခြင်းသည် အာဟာရချို့တဲ့ခြင်းကြောင့်ဖြစ်၍ မိခင်နို့စနစ်တကျတိုက်ကျွေးရန်၊ (၅) နှစ်အောက်ကလေးများ အာဟာရပြည့်ဝစွာရရှိရန်အတွက် ကျွေးမွေးရမည့် အစာအုပ်စုများ မျှတစွာကျွေးမွေးရန် ပြောကြားခဲ့သည်။

ဆက်လက်ပြီး မြို့မကျန်းမာရေးမှူးမှ အသက်အရွယ်အလိုက် အခမဲ့ထိုးနှံပေးမှု အခြေအနေများနှင့် ကာကွယ်နိုင်‌သော ရောဂါများအကြောင်းပြောကြားပြီး မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ ဒေါ်သက်သက်ဦးက ကိုယ်ဝန်ဆောင်မိခင်များလိုအပ်သော အာဟာရများနှင့်ပတ်သက်၍ဆွေးနွေးခဲ့ပြီး အခမ်းအနားသို့ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ ကိုယ်ဝန်ဆောင်နှင့်ကလေးမိခင်များ၊ ကျန်းမာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြပြီ ကိုယ်ဝန်ဆောင်နှင့်ကလေးမိခင်များကို ဆေးဝါးနှင့်အစားအစာများ ပေးအပ်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)