ကံမမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲပြုလုပ်

ကံမ ဩဂုတ် ၉

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်၊ အင်းကြီးကုန်းကျေးရွာ အလယ်တန်းကျောင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျောင်းသား လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ဩဂုတ်လ (၇) ရက်နေ့ နေ့လယ် (၂) နာရီက အဆိုပါကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်သန်းသန်းဆင့်က စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောရာတွင် ယနေ့လူငယ်များသည် နောင်တစ်ချိန်တွင် နိုင်ငံတော်၏ တာဝန်များကို လက်ဆင့်ကမ်းထမ်းဆောင်ရမည် ဖြစ်သည့်အတွက် ကျောင်းသားလူငယ်များအနေဖြင့် ကျောင်းသင်ခန်းစာများအပြင်   ပြင်ပဗဟုသုတများရရှိစေရန် သုတရသစာပေများကို ဖတ်ရှုလေ့လာရန်လိုအပ်ကြောင်း စာဖတ်ခြင်းဖြင့် အမှား၊ အမှန် အကောင်းအဆိုးကို ဝေဖန်ပိုင်းခြားနိုင်မည်ဖြစ်ကြောင်းအသိပညာပေး ပြောကြားခဲ့သည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသည့် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

ကျော်ဇေယျဝင်း(ကံမ)