ကော့သောင်းမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး၊‌ ‌ဟောပြောပွဲနှင့် စာဖတ်ဝိုင်းပြုလုပ်

ကော့သောင်း ဩဂုတ် ၈

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင်စာဖတ်ရှိန်မြှင့်တင်ရေး၊‌‌ ဟောပြောပွဲနှင့် စာဖတ်ဝိုင်းကို ယနေ့မွန်လွဲပိုင်းက အ.လ.က (ခွဲ)သီရိမြိုင်ကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေ့ဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်မေဇင်ဦးက စာဖတ်စွမ်းရည် မြင့်မားတိုးတက်စေရန်နှင့်အသိ ပညာဗသုတများတိုးပွားစေရန် အားလပ်ချိန်များတွင် ဗဟုသုတရရှိသည့် စာအုပ်စာစောင်များအား ဖတ်ရှုလေ့လာရန်နှင့်စာဖတ်ခြင်း၏ အကျိုး‌ကျေးဇူများအကြောင်း‌ ဟောပြောခဲ့သည်။

ထို့နောက်ကျောင်းသား/သူများအား စာဖတ်ဝိုင်းပြုလုပ်‌ပေး၍ မိမိဖတ်ရှုရသည့်စာအုပ်ထဲမှ ဗဟုသုတရရှိစေသည့် အကြောင်းအရာများအားပြန်လည်‌ဆွေးနွေး‌ခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)