မအူပင် ဩဂုတ် ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့၊ အမှတ်(၁၁) ရပ်ကွက်ရှိ စက်မှုလယ်ယာဦးစီးဌာန၊ အမှတ်(၅) အလတ်စားစက်ပြင်အလုပ်ရုံ၌ (၂/၂၀၂၄) ရိတ်သိမ်း ခြွေလှေ့စက် မောင်းနှင်ပြုပြင် ထိန်းသိမ်းမှု (အခြေခံ)တောင်သူသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉)နာရီက အမှတ်(၅) အလတ်စား စက်ပြင်အလုပ်ရုံခန်းမတွင် ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်နိုင်မှ အဖွင့်အမှာစကား ပြောကြားပြီး ဧရာဝတီတိုင်းဒေသကြီး စက်မှုလယ်ယာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးလှထွန်းမှ သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားသည်။ ၎င်းနောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်နိုင်နှင့် တိုင်းဒေသကြီးစက်မှုလယ်ယာဦးစီးမှူး ဦးလှထွန်းတို့မှ သင်တန်းသားများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးပြီး လက်တွေ့ မောင်းနှင်ရမည့် စက်များအား ကြည့်ရှု့စစ်ဆေးခဲ့ကြသည်။
အဆိုပါ ရိတ်သိမ်းခြွေလှေ့စက် မောင်းနှင်ပြုပြင်ထိန်းသိမ်းမှု (အခြေခံ)တောင်သူ သင်တန်းအား ဩဂုတ်လ(၁၂)ရက်နေ့မှ စက်တင်ဘာလ(၆)ရက်နေ့အထိ နံနက်(၈)နာရီမှ ညနေ(၄)နာရီအထိ စာတွေ့/လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး သင်တန်းသား (၅၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
အောင်မြင့်မြတ်(ပြန်/ဆက်)