တောင်ငူ သြဂုတ် ၁၂
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တောင်ငူခရိုင်ရုံးမှ ပြည်သူများစာဖတ်သည့်အလေ့အထများရှိလာစေရန်၊ စာပေကိုလက်လှမ်းမီစွာဖတ်ရှုလေ့လာနိုင်စေရန်၊ စာပေဖတ်ရှုလေ့လာခြင်းဖြင့် အသိပညာဗဟုသုတများကြွယ်ဝလာပြီး အမှန်နှင့်အမှားကို ဝေဖန်ပိုင်းခြားတတ်စေရန်၊ လူငယ်လူရွယ်များ အချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရန် ရည်ရွယ်၍ ရွေ့လျားစာကြည့်တိုက်မော်တော်ယာဥ်ဖြင့် ယနေ့နံနက်ပိုင်းက ခရိုင်အိုးအိမ်ဦးစီးဌာန၊ ပြည်တော်သာဝန်ထမ်းအိမ်ရာနှင့် ခရိုင်နှင့်မြို့နယ်ပညာရေးမှူးရုံးသို့ သွားရောက်ငှားရမ်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ပြည်သူများအား သုတ၊ ရသစာအုပ်များကို (၁)ကြိမ်လျှင် (၂)ပတ်ကြာအထိ အခမဲ့ငှားရမ်းပေးပြီး အသင်းဝင်ရောက်လိုသူများကိုလည်း အသင်းဝင်ကတ်ပြားများရရှိရေးအတွက်ဆောင်ရွက်ပေးကာ ဌာနဆိုင်ရာရုံးများနှင့် အခြေခံပညာကျောင်းများသို့ အလှည့်ကျစနစ်ဖြင့် စာအုပ်စာစောင်များ လှည့်လည်ငှားရမ်းဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)