ငပုတောမြို့နယ်တွင် စာကြည့်တိုက်များ တိုးတက်မြင့်မားစေရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး ပွဲတော်အခမ်းအနားအား စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်

ငပုတော ဩဂုတ် ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တွင် စာကြည့်တိုက်များ တိုးတက်မြင့်မားစေရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး ပွဲတော်အခမ်းအနားကို ငပုတောမြို့ အခြေခံပညာအထက်တန်း‌ကျောင်း နဝရတ်ခန်းမ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ပြန်ကြားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးရေးဌာနနှင့် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့တို့မှ ကြီးမှူးကျင်းပသည့် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး ပွဲတော်တွင် လှပသာယာပြည်မြန်မာ ရောင်စုံဓာတ်ပုံများပြခန်း၊ စာအုပ်စာစောင်များ ပြခန်းများ၊ ပုံပြောပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ စကားပုံဆက်/ အရုပ်ဆက်ပြိုင်ပွဲ၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ၊ စာအုပ်အရောင်းဆိုင်များနှင့် စာစီစာကုံးပြိုင်ပွဲများဖြင့် (၁၃.၈.၂၀၂၄)ရက်နေ့မှ (၁၄.၈.၂၀၂၄)ရက်နေ့အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်သူ(ပြန်/ဆက်)