ညောင်လေးပင် ဩဂုတ် ၁၂
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအစည်းအဝေးခန်းမတွင် ယနေ့နံနက် ၁၀ နာရီအချိန်က (၂၅)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ခရိုင်အဆင့်ပြိုင်ပွဲများ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အစည်းအဝေးသို့ ညောင်လေးပင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်စိုးနှင့်အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်အတွင်းရှိ မြို့နယ်များမှစီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများ တက်ရောက်ခဲ့ကြပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်စိုးက ယခုကျင်းပပြုလုပ်မည့် (၂၅)ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲတွင် မြို့နယ်များအားလုံးစုံလင်အောင် ပါဝင်ယှဉ်ပြိုင်ကြစေလိုကြောင်း၊ အခြေခံပညာကျောင်းများနှင့် ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း အဆို၊ အက၊ အရေး၊ တီးပြိုင်ပွဲဖြစ်မြောက်နိုင်ရေးအတွက် ကော်မတီ၊ ဆပ်ကော်မတီများမှ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ပြိုင်ပွဲဝင်အင်အားများများရရှိနိုင်ရေး သက်ဆိုင်ရာကော်မတီများအလိုက် ပူးပေါင်းချိတ်ဆက် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း အဖွင့်အမှာစကားပြောကြားခဲ့သည်။
ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များမှ အဆို ၊အက၊ အရေး၊ အတီးပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးလိုအပ်သည်များ ဆွေးနွေးပြောကြားခဲ့ကြပြီးနောက် တက်ရောက်လာကြသည့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ ညောင်လေးပင်မြို့နယ် သဘင်အစည်းအရုံးဥက္ကဋ္ဌနှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများမှ ပြိုင်ပွဲကျင်းပနိုင်ရေး ပြိုင်ပွဲဝင်များစုဆောင်းထားရှိမှုအခြေအနေများ၊ ပြိုင်ပွဲကျင်းပမည့်နေရာ ပြင်ဆင်နေမှုအခြေအနေများအား ဆွေးနွေးတင်ပြခဲ့ကြပြီးနောက် ညောင်လေးပင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ တင်ပြဆွေးနွေးချက်များအပေါ် လိုအပ်သည်များ ပြန်လည်လမ်းညွှန်ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)