ပန်းတနော် သြဂုတ် ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အထိမ်းအမှတ် စာအုပ်စာစောင်ပြပွဲနှင့် အသိပညာပေး နံရံကပ်ဗီနိုင်း ပိုစတာများ ပြသခြင်းကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ပြုလုပ်ခဲ့သည်။
အဆိုပါ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အထိမ်းအမှတ်နေ့အဖြစ် အသိပညာဗဟုသုတရရှိစေမည့် စာအုပ်စာစောင်များ ပြသခြင်းနှင့် လူကုန်ကူးမှုအန္တရာယ် တိုက်ဖျက်ရေး အသိပညာပေး၊ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနှင့် ကလေးအလုပ်သမား ပပျောက်ရေးအသိပညာပေး နံရံကပ်ဗီနိုင်းပိုစတာများ ပြသဆောင်ရွက်ထားရှိရာ ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များက စိတ်ပါဝင်စားစွာဖြင့် ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
ပန်းတနော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ အသိပညာ ဗဟုသုတများ ရရှိစေရန် ရည်ရွယ်၍ နေ့ထူးနေ့မြတ်များတွင် ဟောပြောပွဲများ၊ စာအုပ်စာစောင်ပြပွဲများ၊ အသိပညာပေး နံရံကပ်စာစောင်ပြသခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ပြည့်ဖြိုးကျော်(ပြန်/ဆက်)