တွံတေးမြို့နယ်တွင် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးနိုင်ရေး Bakery အမျိုးမျိုးထုတ်လုပ်မှု နည်းပညာမွမ်းမံသင်တန်း ဖွင့်လှစ်

 တွံတေး     သြဂုတ်      ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ သန်လျင်ခရိုင်မှ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေပြည်သူတို့၏ မိသားစုဝင်ငွေတိုးရေး စီမံကိန်းအစီအစဥ်ဖြင့် တွံတေးမြို့နယ် ကျွန်းတောရပ်ကွက်တွင် Bakery အမျိုးမျိုးထုတ်လုပ်မှု နည်းပညာမွမ်းမံသင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က ကျွန်းတောရပ်ကွက်ဓမ္မာရုံ၌ ကျင်းပခဲ့ကြောင်း သိရသည်။

သင်တန်းဖွင့်ပွဲတွင် သန်လျင်ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဇင်အေးက အဖွင့်အမှာစကားပြောကြားပြီး တွံတေးမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝေဖြိုးလင်းကနှုတ်ဆက်စကားပြောကြားခဲ့သည်။ ဆက်လက်၍ တက်ရောက်လာသူများ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြကြောင်း သိရသည်။

အဆိုပါသင်တန်းကို သြဂုတ်(၁၂)ရက်နေ့မှ သြဂုတ်လ(၁၈)ရက်နေ့အထိ သင်တန်းသား/သင်တန်းသူ(၁၆)ဦးဖြင့် ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။    

မျိုးလှိုင် (တွံတေး)