ဒေါပုံမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် လူကုန်ကူးမှုတိုက်ဖျက်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်နှင့် စာအုပ်၊ စာစောင်ပြပွဲများ ကျင်းပဆောင်ရွက်

ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် လူကုန်ကူးမှုတိုက်ဖျက်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်နှင့် စာအုပ်၊ စာစောင်ပြပွဲကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ကျင်းပဆောင်ရွက်ခဲ့သည်။

ထားဝယ်ခရိုင် လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲ၊ နံရံကပ်ပြဘုတ်များနှင့် စာအုပ်စာစောင်များ ခင်းကျင်းပြသ

ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲ၊ နံရံကပ်ပြဘုတ်များနှင့်စာအုပ်စာစောင်များပြပွဲများကို ယနေ့နံနက်ပိုင်းက ခရိုင်လူထုအခြေပြုဗဟိုဌာန၌ ကျင်းပသည်။

ကြံခင်းမြို့နယ်၌ သုတ/ရသစာပေမျိုးစုံ လွယ်ကူစွာဖတ်ရှုနိုင်ရန်(Mobile Library)စနစ်ဖြင့် နယ်လှည့်ကွင်းဆင်းငှားရမ်း

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများက ပြည်သူများစာဖတ်ခြင်းဖြင့် ဗဟုသုတရရှိစေရန်နှင့် စာဖတ်ရှိန် မြှင့်တင်နိုင်ရန် ရည်ရွယ်၍ ယမန်နေ့ မွန်းလွဲပိုင်းက သုတ/ရသစာပေမျိုးစုံကို  Mobile Library စနစ်ဖြင့် စာအုပ်များ (အခမဲ့)နယ်လှည့်ကွင်းဆင်းငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။

ကွန်ဟိန်းမြို့၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် ဂိမ်းကစားပြိုင်ပွဲကျင်းပ

ကျောင်းသား/ကျောင်းသူများ ဗလငါးတန်နှင့်ပြည့်စုံပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့၊ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ယနေ့ နံနက် (၁၀) နာရီခန့်က လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲနှင့် ဂိမ်းကစားပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

သံတောင်ကြီးမြို့နယ်တွင် လူကုန်ကူးမှုတိုက်ဖျက်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် ကျောင်းသူ/ကျောင်းသားများ လူကုန်ကူးခြင်းနှင့်ပတ်သက်၍သိရှိစေရန် ယမန်နေ့နေ့လည် (၂)နာရီအချိန်က လူကုန်ကူးမှုတိုက်ဖျက်ရေး အသိပညာပေးဟောပြောပွဲကို သံတောင်ကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းဝင်းရှိ မိုးလုံလေလုံအားကစားခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဝမ်းတွင်းမြို့နယ်၌ အထွေထွေဗဟုသုတရေးဖြေပြိုင်ပွဲနှင့် ပြပွဲများ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်တွင် လူငယ်လူရွယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ အထွေထွေဗဟုသုတရေးဖြေပြိုင်ပွဲနှင့် စာအုပ်စာစောင်ပြပွဲ၊ နံရံကပ်စာစောင်ပြပွဲ၊ ဓါတ်ပုံပြပွဲများကို ယနေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့သည်။

ငဖဲမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး မြို့နယ်အတွင်းရှိအခြေခံပညာကျောင်းများမှ ကျောင်းသား ကျောင်းသူများ စာဖတ်သည့်အလေ့အထဖြစ်ပေါ်စေရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရန်ရည်ရွယ်၍ စာဖတ်ဝိုင်းကို ငဖဲမြို့အခြေခံပညာအထက်တန်းကျောင်း ဗိုလ်ရွှဲခန်းမတွင် ယနေ့နံနက် ၁၀ နာရီက ကျင်းပဆောင်ရွက်ခဲ့သည်။

မက်မန်းမြို့ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် “ဘဝပညာနှင့် လူငယ်ဆောင်းပါးများ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် ဒေသခံလူငယ်များအား စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရန်၊ စာပေမှတစ်ဆင့် အသိပညာဗဟုသုတရရှိစေရန်နှင့် ကိုယ်တိုင်ဖတ်မှတ်၍ အမှား၊ အမှန်ကို ဝေဖန်သုံးသပ်တတ်စေရန်၊ အစဉ်အလာကြီးမားသည့် စာပေများကို လူငယ်တိုင်း ချစ်မြတ်နိုးတတ်စေရန် ရည်ရွယ်၍ စာရေးဆရာ အရှင်သံဝရာလင်္ကာရ (ဓမ္မဝိယ) ၏ “ဘဝပညာနှင့် လူငယ်ဆောင်းပါးများ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့ မွန်းလွဲပိုင်းအချိန်က ကျင်းပခဲ့သည်။

မန်ကန်မြို့နယ် မန်ပန်ကျေးရွာမူလတန်းကျောင်း၌ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် စာအုပ်စာစောင်ပွဲ ကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း) “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မန်ကန်မြို့ မန်ပန်ကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ ကျောင်းသား/ကျောင်းသူများအား ကျောင်းစာအပြင် ပြင်ပဗဟုသုတစာပေများ ပိုမိုဖတ်ရှုလေ့လာစေရန်၊ စာဖတ်ခြင်းဖြင့် အသိပညာဗဟုသုတများ ရရှိစေရန်နှင့် ဉာဏ်ရည်ဉာဏ်သွေးများ တိုးတက်မြင့်မားလာစေရန်  ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်စွမ်းရည်ပြိုင်ပွဲကို ယမန်နေ့ ယနေ့နံနက်ပိုင်းအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

တောင်တွင်းကြီးမြို့နယ် ပြည်သူ့စာကြည်တိုက်တွင် ပြတိုက်ငယ် (Mini Museum) ပြပွဲပြုလုပ်

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် ယမန်နေ့ နေလယ် (၃) နာရီအချိန်က ပြတိုက်ငယ် (Mini Museum) ပြပွဲပြုလုပ်ခဲ့သည်။
Subscribe to