ပုဗ္ဗသီရိမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းသင်တန်းအပတ်စဉ် (၅)အတွက် တွေ့ဆုံဂုဏ်ပြုခြင်းအခမ်းအနား ကျင်းပ
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့နံနက်ပိုင်းက ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများမှ ပြည်သူ့စစ်မှုထမ်းသင်တန်း အပတ်စဉ်(၅)အတွက် တွေ့ဆုံဂုဏ်ပြုခြင်းအခမ်းအနားကျင်းပရာ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ပြည်သူ့စစ်မှုထမ်းရန် အကျုံးဝင်သူများ တက်ရောက်ကြသည်။