ကြံခင်းမြို့နယ်၌ သုတ/ရသစာပေမျိုးစုံ လွယ်ကူစွာဖတ်ရှုနိုင်ရန်(Mobile Library)စနစ်ဖြင့် နယ်လှည့်ကွင်းဆင်းငှားရမ်း

ကြံခင်း ဩဂုတ်

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများက ပြည်သူများစာဖတ်ခြင်းဖြင့် ဗဟုသုတရရှိစေရန်နှင့် စာဖတ်ရှိန် မြှင့်တင်နိုင်ရန် ရည်ရွယ် မန်နေ့ မွန်းလွဲပိုင်းက သုတ/ရသစာပေမျိုးစုံကို  Mobile Library စနစ်ဖြင့် စာအုပ်များ (အခမဲ့)နယ်လှည့်ကွင်းဆင်းငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ Mobile Library စနစ်ဖြင့် နယ်လှည့်ကွင်းဆင်းဆောင်ရွက်ပေးရာတွင် ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်မေသဉ္ဇာနှင်းနှင့်ဝန်ထမ်းများက မြို့နယ်စီမံကိန်းဦးစီးဌာနရုံးနှင့် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံးများရှိ ဝန်ထမ်းများအား သုတ/ရသ စာပေမျိုးစုံကို ဝန်ထမ်းများအားလပ်ချိန်တွင် အလွယ်တကူဖတ်ရှုနိုင်ရေးအတွက် ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ Mobile Library စနစ်ဖြင့် စာအုပ်များငှားရမ်းပေးရာတွင် ပြည်သူ့စာကြည့်တိုက်မှ သတ်မှတ်စည်းကမ်းချက်နှင့်အညီ အသင်းဝင်ကတ်များ(အခမဲ့)ပြုလုပ်ပေးခြင်း၊ စာအုပ်တစ်အုပ်လျှင် (၇)ရက်ငှားရမ်းပေးခြင်း၊ အဆိုပါစာအုပ်များကို (အပတ်စဉ်)အသစ်ဖတ်ရှုနိုင်စေရန် လဲလှယ်ငှားရမ်းပေးခြင်းတို့ကို အပတ်စဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဖြိုးဝေလင်း(ပြန်/ဆက်)