တောင်တွင်းကြီးမြို့နယ် ပြည်သူ့စာကြည်တိုက်တွင် ပြတိုက်ငယ် (Mini Museum) ပြပွဲပြုလုပ်

တောင်တွင်းကြီး သြဂုတ် ၁၅

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် ယမန်နေ့ နေလယ် () နာရီအချိန်က ပြတိုက်ငယ် (Mini Museum) ပြပွဲပြုလုပ်ခဲ့သည်။

အဆိုပါ ပြပွဲပြုလုပ်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးမိုးမိုးမြင့်က တောင်တွင်းကြီးမြို့နယ်အတွင်းရှိ အထင်ကရနေရာများနှင့် သမိုင်းကြောင်းများကို စိတ်ဝင်တစားလာရောက်လေ့လာကြသည့် ကျောင်းသား၊ ကျောင်းသူများအား တောင်တွင်ကြီးမြို့နယ်ရှိ အထင်ကရ ရှေးဟောင်းသမိုင်းဝင်​စေတီများနှင့် သမိုင်းအကျဉ်း၊ တောင်တွင်းကြီးဒေသမှ ရိုးရာအိုးလုပ်ပုံအဆင့်ဆင့် မှတ်တမ်းဓာတ်ပုံများနှင့် ရိုးရာအိုးပြုလုပ်ရာတွင် အသုံးပြုသည့် လက်ခတ်များ၊  စာရေးဆရာကြီး ဦးအောင်သင်း၏ ကိုယ်ရေးအတ္တုပ္ပတ္ထိအကျဉ်း၊ ရှေးခေတ် ဓာတ်ပြားဟောင်းများ၊ အေဒီ ၁ ရာစုမှ ၉ ရာစုအတွင်း အသုံးပြုခဲ့သည့် ပျူခေတ်လက်ရာပါ အုတ်ချပ်များ၊ အင်းဝခေတ်သုံး လက်လုပ်မြေဆေးတံများ၊ ဘိက္ခုပါစိတ် ပါဋိပေထုပ်၊ ကုန်းဘောင်းခေတ်ရေး ပေထုပ်၊ ရွှေစက်တော်သမိုင်းပေထုပ်၊ ပျူခေတ်ပယင်းနားဋောင်း၊ မြန်မာလက်နှိပ်စက်၊ မြန်မာ့ရိုးရာနွားလှည်း၊ ရှေးဟောင်းမြို့ရိုးအုတ်ချပ်များနှင့် ကုန်းဘောင်ခေတ်သုံး ရတနာပုံဒေါင်းဒင်္ဂါးများ၊ ပေလေးပင် ရှင်လေးပါး အတ္တုပ္ပတ္တိအကျဉ်းချုပ်များ စသည့်တို့ကို ရှင်းလင်းပြသခဲ့ကြောင်း သိရသည်။

နောင်နောင် (ဗိဿနိုးမြေ)